ကယားျပည္နယ္ရွိ ေငြေတာင္ဆည္အနီး ဟိုတယ္လုပ္ငန္းလုပ္ကိုင္ခြင့္အတြက္ ကုမၸဏီအေနျဖင့္ ေဒသခံမ်ားသေဘာထား ရယူတင္ျပရမည္

ကယားျပည္နယ္ရွိ ေငြေတာင္ဆည္အနီး ဟိုတယ္လုပ္ငန္းလုပ္ကိုင္ခြင့္အတြက္ ကုမၸဏီအေနျဖင့္ ေဒသခံမ်ားသေဘာထား ရယူတင္ျပရမည္
နိုဝင်ဘာ 24, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေငြေတာင္ေက်းရြာအုပ္စု ေငြေတာင္ဆည္အနီးတြင္ Orchestra Hotel Co.,Ltd က ေဆာင္ရြက္လိုသည့္ ဟိုတယ္တည္ေဆာက္ေရးလုပ္ငန္းႏွင့္ပတ္သက္၍ ေဒသခံမ်ား၏ သေဘာထားဆႏၵ ရယူရန္ႏွင့္ ပတ္ဝန္းက်င္ေထာက္ခံရရိွမွသာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းေဆာင္ရြက္ရန္ Orchestra Hotel Co.,Ltd က ကယားျပည္နယ္အစိုးရႏွင့္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၃) ရက္ေန႔တြင္ လာေရာက္ ေတြ႔ဆံုခဲ့ရာ ျပည္နယ္အစိုးရက မူအားျဖင့္ သေဘာတူေသာ္လည္း ေငြေတာင္ဆည္သည္ ျပည္နယ္၏ ပုံရိပ္တစ္ခုျဖစ္ၿပီး ဆည္ေရကို ေသာက္သံုးေရ အျဖစ္ အသံုးျပဳလ်က္ရွိရာ ပတ္ဝန္းက်င္ ထိခိုက္မႈ မရွိေစေရးအတြက္ ေဒသခံမ်ား၏ သေဘာထားမ်ား ေတာင္းခံရန္ လိုေၾကာင္းႏွင့္ ပတ္ဝန္းက်င္ ေထာက္ခံခ်က္ရရွိမွသာ ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားေၾကာင္း သိရသည္။

Orchestra Hotel Co.,Ltd က ဟိုတယ္လုပ္ငန္းႏွင့္  Tour and Travel လုပ္ငန္းမ်ားကို ဆက္စပ္ လုပ္ကိုင္ရန္ အတြက္ ေငြေတာင္ဆည္အနီးရွိ ေတာင္သူပိုင္ယာေျမ(၄)ဧကကို ဝယ္ယူထားၿပီး ရင္းႏွီး ျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ (၂)သန္းခန္႔ျဖင့္ အခန္းအေရအတြက္ (၄၀) ပါဝင္သည့္ ဟိုတယ္ တည္ေဆာက္ရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဟိုတယ္ အေနျဖင့္ ေဒသခံ ဝန္ထမ္းအင္အား (၁၀၀)ႏွင့္ (၁၂၀)ဝန္းက်င္ ခန္႔ထားႏိုင္မည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ ရရွိပါက လုပ္ငန္းမ်ားအား ဥပေဒ၊ လုပ္ထံုး လုပ္နည္းမ်ားႏွင့္အညီ အျမန္ဆံုး အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ဟု တင္ျပထားျခင္းေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ငွေတောင်ဆည်အနီးတွင် Orchestra Hotel Co.,Ltd က ဆောင်ရွက်လိုသည့် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဒေသခံများ၏ သဘောထားဆန္ဒ ရယူရန်နှင့် ပတ်ဝန်းကျင်ထောက်ခံရရှိမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်ရန် Orchestra Hotel Co.,Ltd က ကယားပြည်နယ်အစိုးရနှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လာရောက် တွေ့ဆုံခဲ့ရာ ပြည်နယ်အစိုးရက မူအားဖြင့် သဘောတူသော်လည်း ငွေတောင်ဆည်သည် ပြည်နယ်၏ ပုံရိပ်တစ်ခုဖြစ်ပြီး ဆည်ရေကို သောက်သုံးရေ အဖြစ် အသုံးပြုလျက်ရှိရာ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် ဒေသခံများ၏ သဘောထားများ တောင်းခံရန် လိုကြောင်းနှင့် ပတ်ဝန်းကျင် ထောက်ခံချက်ရရှိမှသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားကြောင်း သိရသည်။

Orchestra Hotel Co.,Ltd က ဟိုတယ်လုပ်ငန်းနှင့် Tour and Travel လုပ်ငန်းများကို ဆက်စပ် လုပ်ကိုင်ရန် အတွက် ငွေတောင်ဆည်အနီးရှိ တောင်သူပိုင်ယာမြေ(၄)ဧကကို ဝယ်ယူထားပြီး ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂)သန်းခန့်ဖြင့် အခန်းအရေအတွက် (၄၀) ပါဝင်သည့် ဟိုတယ် တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ် အနဖြေင့် ဒေသခံ ဝန်ထမ်းအင်အား (၁၀၀)နှင့် (၁၂၀)ဝန်းကျင် ခန့်ထားနိုင်မည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက လုပ်ငန်းများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု တင်ပြထားခြင်းကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~