ဒီးမော့ဆိုမြို့နယ်တွင်း  ဇွန်လ(၈)ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သလို   အင်အား(၄၀၀)ဝန်းကျင်လည်း ကရင်ပြည်နယ်ဘက်ကနေ လာနေ၍ ကရင်နီ(ကယား)ပြည်သူများ သတိထားနေထိုင်ရန် KNDP သတိပေး

ဒီးမော့ဆိုမြို့နယ်တွင်း  ဇွန်လ(၈)ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သလို   အင်အား(၄၀၀)ဝန်းကျင်လည်း ကရင်ပြည်နယ်ဘက်ကနေ လာနေ၍ ကရင်နီ(ကယား)ပြည်သူများ သတိထားနေထိုင်ရန် KNDP သတိပေး
ဇွန် 9, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၈)ရက်နေ့က  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDP)နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တို့အကြား အချိန်(၂)နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်မှ ဒီးမော့ဆိုမြို့နယ် ထွီလီးဘီလာကျေးရွာအနီးရှိ တောင်ပေါ်တွင် တပ်စွဲထားပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ စနိုက်ပါများဖြင့်ပါ ပစ်ခတ်သည့်အပြင် အမြာက်တပ်မှ အမြောက်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း ရပ်ကွက်အချို့ရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ  ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းသို့ အာဏာသိမ်းစစ်တပ်၏ အင်အား(၄၀၀)ဝန်းကျင် ဝင်လာနေသည့်အတွက် ကရင်နီ(ကယား)ပြည်နယ်တွင်းနေပြည်သူများ သတိထားနေထိုင်ပြီး သတိပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDP)က ပြည်သူများကို သတိပေးထားရှိသည်။

#TachileikNewsAgency