ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်မယူမီက သိမ်းယူထားသည့် ကက်သလစ်သာသနာပိုင်မြေကိစ္စ ဖြေရှင်းပေးရန် သတင်းထုတ်ပြန်တောင်းဆို

ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်မယူမီက သိမ်းယူထားသည့် ကက်သလစ်သာသနာပိုင်မြေကိစ္စ ဖြေရှင်းပေးရန် သတင်းထုတ်ပြန်တောင်းဆို
နိုဝင်ဘာ 9, 2018
By Tachileik News Agency


လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၄ ခုနှစ်က မယ်စဲ့မြို့တွင် လက်ထောက် ပညာရေးမှူး တာဝန်ထမ်းဆောင်စဉ်က မယ်စဲ့မြို့၊ ကတ်သလစ်သာသနာ့နယ်မြေအတွင်းရှိ ကုန်းစောင်း မြေနေရာတွင် ခြံမြေပြုလုပ်ရန် ခုတ်ထွင် ရှင်းလင်းသည့်နေရာမှာ သာသနာမြေဖြစ်သောကြောင့် မယူရန် တာဝန်ရှိသူများမှ တားမြစ်ခဲ့သော်လည်း ခြံခတ်ယူခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

မြေနေရာ အငြင်းပွားမှုအား ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာကော်မတီသို့ တင်ပြထားသဖြင့် ခြံစည်းရိုးကာခြင်း၊ မြေပြုပြင်ခြင်းစသည်တို့ မလုပ်ဆောင်ရန် တားမြစ်ထားကြောင်းသိရပြီး အဆိုပါ မြေနေရာအား သာသနာမြေအဖြစ် မယ်စဲ့မြို့နယ်မြေစာရင်းဌာနက ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် မြေစာရင်းပုံစံ (၁၀၅)ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း




~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်ဝန်ကြီးချုပ်မှ မယ်စဲ့မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့စဉ်က ကက်သလစ် သာသနာပိုင်မြေအား ကျူးကျော်ရယူထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြထားသည်ကို စစ်ဆေး ဆောင်ရွက်ပေးစေလိုကြောင်း မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။

လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၄ ခုနှစ်က မယ်စဲ့မြို့တွင် လက်ထောက် ပညာရေးမှူး တာဝန်ထမ်းဆောင်စဉ်က မယ်စဲ့မြို့၊ ကတ်သလစ်သာသနာ့နယ်မြေအတွင်းရှိ ကုန်းစောင်း မြေနေရာတွင် ခြံမြပြေုလုပ်ရန် ခုတ်ထွင် ရှင်းလင်းသည့်နေရာမှာ သာသနာမြဖြေစ်သောကြောင့် မယူရန် တာဝန်ရှိသူများမှ တားမြစ်ခဲ့သော်လည်း ခြံခတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေနေရာ အငြင်းပွားမှုအား ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာကော်မတီသို့ တင်ပြထားသဖြင့် ခြံစည်းရိုးကာခြင်း၊ မြပြေုပြင်ခြင်းစသည်တို့ မလုပ်ဆောင်ရန် တားမြစ်ထားကြောင်းသိရပြီး အဆိုပါ မြေနေရာအား သာသနာမြေအဖြစ် မယ်စဲ့မြို့နယ်မြေစာရင်းဌာနက ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် မြေစာရင်းပုံစံ (၁၀၅)ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - မယ်စဲ့ကတ်သလစ်သာသနာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~