လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀)ႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ

လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀)ႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 30, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်းရြာအုပ္စု ၊ ေဆာင္ကန္ေက်းရြာအနီးတြင္ ေအာက္တိုဘာလ (၂၉) ရက္ေန႔ညက စိတ္ႂကြရူးသြပ္ေဆးျပား (၁၀၀၀၀)သယ္ေဆာင္လာသည့္ အမ်ိဳးသားထံမွ ေသနတ္ႏွင့္ လက္ပစ္ဗံုးတို႔ကိုပါ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၂၀) လြိဳင္ေကာ္မွ တာဝန္႐ွိသူမ်ား၊ ခလရ(၂၆၁) တပ္ရင္းမွ တာဝန္႐ွိသူမ်ားႏွင့္ သတင္း တပ္ဖြဲ႕မ်ား ပူးေပါင္း၍ မူးယစ္ေဆး၀ါး သတင္းအရ လိြဳင္ေကာ္ - မိုးၿဗဲ ကားလမ္းတြင္ စစ္ေဆးမႈမ်ားေဆာင္ရြက္ေနစဥ္ စိတ္ႂကြရူးသြပ္ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကုန္းသာေက်းရြာအုပ္စု၊ ေဆာင္ကန္းေက်းရြာအနီးတြင္  ဖယ္ခံုဘက္မွ လြိဳင္ေကာ္ဘက္သို႔ ေမာင္းႏွင္လာသည့္ TOYOTA MAJESTA CROWN အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ႐ွာေဖြစစ္ေဆးခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ေမာင္ေလာင္၏ ေဘာင္းဘီခါးၾကား၌ ရွမ္းစကၠဴျဖင့္ထုပ္ထားသည့္ WY စာတန္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀)၊ 9mm က်ည္ (၁၈)ေတာင့္ ထည့္ထားသည့္ SIG SAUER အမ်ိဳးအစား အနက္ေရာင္ပစၥတိုေသနတ္ တစ္လက္ႏွင့္ MG1 အမ်ိဳးအစား အစိမ္းေရာင္လက္ပစ္ဗံုးတစ္လံုးတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေမာင္ေလာင္အား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
***************
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု ၊ ဆောင်ကန်ကျေးရွာအနီးတွင် အောက်တိုဘာလ (၂၉) ရက်နေ့ညက စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)သယ်ဆောင်လာသည့် အမျိုးသားထံမှ သေနတ်နှင့် လက်ပစ်ဗုံးတို့ကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၀) လွိုင်ကော်မှ တာဝန်ရှိသူများ၊ ခလရ(၂၆၁) တပ်ရင်းမှ တာဝန်ရှိသူများနှင့် သတင်း တပ်ဖွဲ့များ ပူးပေါင်း၍ မူးယစ်ဆေးဝါး သတင်းအရ လွိုင်ကော် - မိုးဗြဲ ကားလမ်းတွင် စစ်ဆေးမှုများဆောင်ရွက်နေစဉ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်းသာကျေးရွာအုပ်စု၊ ဆောင်ကန်းကျေးရွာအနီးတွင်  ဖယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ မောင်းနှင်လာသည့် TOYOTA MAJESTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ မောင်လောင်၏ ဘောင်းဘီခါးကြား၌ ရှမ်းစက္ကူဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)၊ 9mm ကျည် (၁၈)တောင့် ထည့်ထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် တစ်လက်နှင့် MG1 အမျိုးအစား အစိမ်းရောင်လက်ပစ်ဗုံးတစ်လုံးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် မောင်လောင်အား လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~