လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်အတွင်း တပ်စွဲရန်အတွက် စစ်သားနှင့်ရဲများ ထပ်ရောက်လာ

လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်အတွင်း တပ်စွဲရန်အတွက် စစ်သားနှင့်ရဲများ ထပ်ရောက်လာ
မတ် 7, 2021 | ကယား



ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်အတွင်း အထက်ညွှန်ကြားချက်ဟုဆိုတာ စစ်သားနှင့်ရဲ အယောက်(၄၀)ဝန်းကျင်သည် ယနေ့ မတ်လ(၇)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က စ၍ လာရောက်နေသည့်အတွက် တက္ကသိုလ်အတွင်း တပ်မစွဲရေး အဖက်ဖက်က တားဆီးနေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တက္ကသိုလ်အတွင်း တပ်မစွဲရေးအတွက် ကျောင်းသားလူငယ်များ နှင့် ဝန်းရံသူများက ကန့်ကွက်ပြီး တားဆီးနေဆဲဖြစ်၍ ၎င်းတို့သည့် ဥာဏ်ကြီးရှင် ကော်ဖီဥယျာဉ်အတွင်း၌ ယာယီတပ်စွဲထားပြီး နံနက်(၁၀)နာရီ (၅)မိနစ်အချိန်တွင် အခြားနေရာသို့ ထပ်ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။

 

စစ်တပ်နှင့်ရဲတို့ တက္ကသိုလ်အတွင်း ဝင်ရောက်ခြင်းမရှိစေရန် နံနက်(၁၀)နာရီကျော်အချိန်အထိ ပြည်သူများက ဝန်းရံနေလျက်ရှိသည်။

မတ်လ(၆)ရက်နေ့ကလည်း လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲရန်အတွက် ရဲတပ်ဖွဲ့တို့ ရောက်ရှိရာ ပြည်သူများမှ လက်မခံကြောင်း ကန့်ကွက်၍ ချက်ချင်းထွက်ခွာသွားခဲ့ရသော်လည်း ယနေ့မှ ထပ်ရောက်လာခြင်း ဖြစ်သည်။

Tachileik News Agency