အာဏာသိမ်းစစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်များ ညတွင်းချင်း အရေးပေါ် ရွှေ့ပြောင်းရ

Demoso People Defense Force - DMO PDF - Fundraising
Demoso People Defense Force - DMO PDF - Fundraising
အာဏာသိမ်းစစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်များ ညတွင်းချင်း အရေးပေါ် ရွှေ့ပြောင်းရ
ဖေဖော်ဝါရီ 21, 2022 | ကယား

အာဏာသိမ်းစစ်ကောင်စီတပ်က  ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ညပိုင်းက  စစ်ရှောင်စခန်းဘက်ကို ထိုးစစ်ဆင်လာသဖြင့် စစ်ဘေးရှောင်များ ညတွင်းချင်း အရေးပေါ်နေရာ ရွှေ့ပြောင်းကြရသဖြင့် ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များက ကူညီပေးခဲ့ကြရကြောင်း သိရသည်။

DMO PDF တပ်ရင်း (i)မှ ရဲဘော်များက ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု Demoso People Defense Force - DMO PDF - Fundraising က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် အင်အား အလွန်အကျွံ သုံးထားသည့် ထိုးစစ်အတွင်း စစ်ဘေးရှောင်စခန်းများကိုပါမရှောင်ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်နေသည်ကို တွေ့ရသည်။

 

စစ်အာဏာရှင်တွန်းလှန်ရေးအတွက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်  အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း စစ်ဘေးရှောင်ပြည်သူများကိုလည်း အကူအညီပေးနေကြသည်ကို တွေ့နေရသည်။