Update News

ကယားျပည္နယ္ ဖားေဆာင္းတြင္ တပ္မေတာ္ႏွင့္ KNPP တို႔ ထိေတြ႕ပစ္ခတ္မႈျဖစ္ပြား


ကယားျပည္နယ္ ၊ ဖားေဆာင္းၿမိဳ႕နယ္၊ နန္းကစ္ေက်းရြာအနီးတြင္ တပ္မေတာ္ႏွင့္ KNPP တပ္တို႔ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္ (၇)နာရီခြဲဝန္းက်င္က ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

"ပစ္ခတ္မႈေတြျဖစ္တာ ဟုတ္ပါတယ္။ ဒီမနက္ ခုႏွစ္နာရီခြဲေပါ့။ ပစ္တာကေတာ့ ကြၽန္ေတာ္တို႔ဖက္က စပစ္တာေပါ့။ အဲဒီဖက္မွာက ကြၽန္ေတာ္တို႔လူေတြ ဂိတ္ရိွတယ္။ အဲဒီဖက္ကို တပ္က အေၾကာင္း မၾကားဘဲသြားလုိ႔  ကြၽန္ေတာ္တို႔ အဖြဲ႔က လွမ္းပစ္လိုက္တာ" ဟု KNPP ဆက္ဆံေရး႐ုံးတာဝန္ခံ ဦးေညးရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

KNPP (ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ္)သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement - NCA)ကို လက္မွတ္ေရးထိုးထားျခင္း မရိွေသာ္လည္း အစိုးရႏွင့္ အပစ္အခတ္ ရပ္စဲေရးကို ျပည္ေထာင္စုအဆင့္ထိ လက္မွတ္ ေရးထိုးထားျခင္းျဖစ္သည္။

အဆိုပါ အပစ္ရပ္စာခ်ဳပ္အရ ႏွစ္ဖက္တပ္မ်ား အလုပ္သေဘာႏွင့္ အလြတ္သေဘာ သြားလာလႈပ္႐ွားလွ်င္ ႀကိဳတင္အသိေပးအေၾကာင္းၾကားရန္ သေဘာတူညီထားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~



ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာအနီးတွင် တပ်မတော်နှင့် KNPP တပ်တို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

"ပစ်ခတ်မှုတွဖြေစ်တာ ဟုတ်ပါတယ်။ ဒီမနက် ခုနှစ်နာရီခွဲပေါ့။ ပစ်တာကတော့ ကျွန်တော်တို့ဖက်က စပစ်တာပေါ့။ အဲဒီဖက်မှာက ကျွန်တော်တို့လူတွေ ဂိတ်ရှိတယ်။ အဲဒီဖက်ကို တပ်က အကြောင်း မကြားဘဲသွားလို့ ကျွန်တော်တို့ အဖွဲ့က လှမ်းပစ်လိုက်တာ" ဟု KNPP ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ်)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA)ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စုအဆင့်ထိ လက်မှတ် ရေးထိုးထားခြင်းဖြစ်သည်။

အဆိုပါ အပစ်ရပ်စာချုပ်အရ နှစ်ဖက်တပ်များ အလုပ်သဘောနှင့် အလွတ်သဘော သွားလာလှုပ်ရှားလျှင် ကြိုတင်အသိပေးအကြောင်းကြားရန် သဘောတူညီထားကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::