လွိုင်ကော်မြို့နေပြည်သူများ စစ်ရေးသတိဖြင့် လုံခြုံရေး ပြင်ဆင်ကြရန် လွိုင်ကော် PDF သတိပေး

Photo: လွိုင်ကော် PDF 
Photo: လွိုင်ကော် PDF 
လွိုင်ကော်မြို့နေပြည်သူများ စစ်ရေးသတိဖြင့် လုံခြုံရေး ပြင်ဆင်ကြရန် လွိုင်ကော် PDF သတိပေး
ဇန်နဝါရီ 7, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် အပါအဝင် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ စစ်ရေးသတိကြီးစွာဖြင့် ပြင်ဆင်ထားကြရန် လွိုင်ကော် PDF က ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၇) ရက်နေ့တွင် သတိပေးနှိုးဆော်ထားသည်။

အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ အချိန်မရွေးလုပ်နေသဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ရှားကြရန်၊ ပစ်ခတ်သံကြားပါ ကျည်မဖောက်နိုင်သော လုံခြုံသည့်နေရာများတွင် ပုန်းကွယ်ကြရန်၊ လက်နက်ကြီး တိုက်ရိုက်မကျနိုင်သော နေရာများတွင် ဝပ်နေကြရန် အကြံပြုနှိုးဆော်ထားသည်ကို တွေ့ရသည်။

လွိုင်ကော် PDF ကလည်း အခြားမဟာမိတ် လက်နက်ကိုင်တပ်ရင်းများနှင့် ပူးပေါင်းကာ လွိုင်ကော်မြို့နေပြည်သူများ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပြီး အရေးအကြောင်း တစ်စုံတရာ ရှိလာပါက သက်ဆိုင်ရာ အရေးပေါ်ကားများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို နီးစပ်သလို ဆက်သွယ်ကြရန် အသိပေးထားသည်ကို တွေ့ရသည်။

ယနေ့တွင်လည်း တိုက်ပွဲတွင်းပိတ်မိနေသည့် ပြည်သူများအား သွားရောက်ကယ်ထုတ်ရင်း KNDF ရဲဘော်တစ်ဦးဖြစ်သူ ကျောင်းဆရာတစ်ဦးလည်းဖြစ်သည့် ကိုနိုင်လင်းမှာ ကျဆုံးခဲ့ရကြောင်း သိရသည်။