ကယားျပည္နယ္ လိြဳင္ေကာ္တြင္ သမီးျဖစ္သူကို အဓမၼျပဳက်င့္ရန္ႀကံစည္ၿပီး ထြက္ေျပးေနသည့္ ဖခင္ျဖစ္သူအား အမႈဖြင့္ၿပီး တစ္ပတ္အၾကာတြင္ ဖမ္းမိ

ကယားျပည္နယ္ လိြဳင္ေကာ္တြင္ သမီးျဖစ္သူကို အဓမၼျပဳက်င့္ရန္ႀကံစည္ၿပီး ထြက္ေျပးေနသည့္ ဖခင္ျဖစ္သူအား အမႈဖြင့္ၿပီး တစ္ပတ္အၾကာတြင္ ဖမ္းမိ
အောက်တိုဘာ 23, 2018
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ခ်ိကယ္ေက်းရြာအုပ္စု၊ လြယ္တမူေက်းရြာတြင္ အသက္ (၁၅)ႏွစ္အရြယ္ သမီးျဖစ္သူအား ဖခင္ျဖစ္သူမွ အဓမၼျပဳက်င့္ရန္ၾကံစည္ၿပီး ထြက္ေျပးေနရာမွ အမႈဖြင့္ၿပီး တစ္ပတ္အၾကာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

လြယ္တမူေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၂) ရက္ေန႔ ည (၇) နာရီဝန္းက်င္က မိခင္ျဖစ္သူ အျပင္ သြားေနစဥ္ အသက္(၄၃)ႏွစ္ရွိ ဖခင္ျဖစ္သူက ေနအိမ္၌ အသက္ (၁၅)ႏွစ္အရြယ္ သမီးအား အိပ္ခန္း အတြင္း ဖုန္းသြားရွာခုိင္းၿပီး အိပ္ခန္းအတြင္းဝင္ကာ ဓမၼျပဳက်င့္ရန္ ႀကံစည္ေနစဥ္ မိခင္ျဖစ္သူ ျပန္လည္ ေရာက္ရိွလာရာမွ ေတြ႔ရွိသြားသည့္အတြက္ ထြက္ေျပးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဓမၼျပဳက်င့္ရန္ ၾကံစည္သည့္ ဖခင္ျဖစ္သူအား ဥပေဒအရ အေရးယူေပးရန္ သမီးျဖစ္သူက
ေအာက္တိုဘာလ (၁၇) ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားသျဖင့္ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)  ၂၃၅/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမႈဖြင့္ထားၿပီးေနာက္ ထြက္ေျပးေနသည့္ အဆိုပါ အမ်ိဳးသားအား ရဲတပ္ဖြဲ႕က စံုစမ္းရာ ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ ထီးစဲခါးေက်းရြာ၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာတွင် အသက် (၁၅)နှစ်အရွယ် သမီးဖြစ်သူအား ဖခင်ဖြစ်သူမှ အဓမ္မပြုကျင့်ရန်ကြံစည်ပြီး ထွက်ပြေးနေရာမှ အမှုဖွင့်ပြီး တစ်ပတ်အကြာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

လွယ်တမူကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့ ည (၇) နာရီဝန်းကျင်က မိခင်ဖြစ်သူ အပြင် သွားနေစဉ် အသက်(၄၃)နှစ်ရှိ ဖခင်ဖြစ်သူက နေအိမ်၌ အသက် (၁၅)နှစ်အရွယ် သမီးအား အိပ်ခန်း အတွင်း ဖုန်းသွားရှာခိုင်းပြီး အိပ်ခန်းအတွင်းဝင်ကာ ဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် မိခင်ဖြစ်သူ ပြန်လည် ရောက်ရှိလာရာမှ တွေ့ရှိသွားသည့်အတွက် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သည့် ဖခင်ဖြစ်သူအား ဥပဒေအရ အရေးယူပေးရန် သမီးဖြစ်သူက
အောက်တိုဘာလ (၁၇) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားသဖြင့် လွိုင်ကော်မြို့မရဲစခန်းတွင် (ပ) ၂၃၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုဖွင့်ထားပြီးနောက် ထွက်ပြေးနေသည့် အဆိုပါ အမျိုးသားအား ရဲတပ်ဖွဲ့က စုံစမ်းရာ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ထီးစဲခါးကျေးရွာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~