“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးေတြ႔ရွိရပါက ယာဥ္တန္ဖိုး၏ (၅)ရာခိုင္ႏႈန္းကို အခြန္ေကာက္ခံ

“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးေတြ႔ရွိရပါက ယာဥ္တန္ဖိုး၏ (၅)ရာခိုင္ႏႈန္းကို အခြန္ေကာက္ခံ
စက်တင်ဘာ 3, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အတြင္း “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆး ေတြ႔ရိွပါက ေမာ္ေတာ္ယာဥ္ကာလတန္ဖိုး၏ (၅)ရာခုိင္ႏႈန္းကို အခြန္ေကာက္ခံေၾကာင္း သိရသည္။

“ခရီးသြားလာတာေတြကေတာ့ ဘယ္သူမဆို လြတ္လပ္စြာ သြားလာရပါတယ္။ ေမာ္ေတာ္ယာဥ္ကေတာ့ လုိင္စင္မပါရင္ ေမာ္ေတာ္ယာဥ္အသစ္လို သေဘာထားၿပီး အခြန္ေဆာင္ရတယ္။ အခြန္ကေတာ့ ေမာ္ေတာ္ယာဥ္ တန္ဖိုးရဲ႕ (၅)ရာခုိင္ႏႈန္း ေကာက္တယ္”ဟု UWSA/UWSP ၏ လားရိႈးၿမိဳ႕ အေျခစိုက္ ဆက္ဆံေရးရံုး တာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

''ဝ"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတုိင္း အျဖစ္ ၂၀၀၈ ခုႏွစ္၊ အေျခခံဥပေဒ ပုဒ္မ ၅၆ (စ)အရ သတ္မွတ္ ေပးထားသည့္ ရွမ္းျပည္နယ္ ခရိုင္(၂)ခုအတြင္းရိွ ဟိုပန္ၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္၊ ပန္ဝိုင္ၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊ မက္မန္းၿမိဳ႕နယ္ႏွင့္ ပန္ဆန္း (ပန္းခမ္း) ၿမိဳ႕နယ္မ်ားပါဝင္သည့္ “ဝ”ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ မိန္းေမာခရိုင္၊ ဝန္းေကာင္ခရိုင္ႏွင့္ မုိင္းေပါက္ခရိုင္(၃)ခုပါဝင္သည့္ အထူးေဒသ(၂)သို႔ ဝင္ေပါက္မ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ားအား လိုင္စင္စိစစ္ရာတြင္ ႏုိင္ငံေတာ္အစိုးရက ထုတ္ေပးသည့္ ေမာ္ေတာ္ယာဥ္လုိင္စင္ကို စိစစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ အဝင္ဂိတ္ေတြမွာ စစ္တယ္။ အမ်ားစု အသံုးျပဳတာကေတာ့ တန္႔ယန္းဘက္ကဝင္တဲ့ လမ္းကေတာ့ အသံုးမ်ားတယ္။ မန္မန္ဆို္င္သတၱဳတြင္းဂိတ္ေပါ့။ အဲဒီဘက္ကေတာ့ လူအဝင္အထြက္မ်ားတဲ့ လမ္းေၾကာင္းေတြ ျဖစ္တယ္”ဟု ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက ေျပာသည္။

“ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဆုိင္ရာ အခ်က္အလက္မ်ားကို ဆက္သြယ္စံုစမ္းလိုသူမ်ားအေနျဖင့္ UWSA/UWSP ၏ ျပင္ပဆက္ဆံေရးရံုးမ်ားျဖစ္သည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရႈိး၊ တန္႔ယန္းႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တို႔တြင္ ဖြင့္လွစ္ထားသည့္ရံုးမ်ားတြင္ ဆက္သြယ္ စံုစမ္းႏုိ္င္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ဆေး တွေ့ရှိပါက မော်တော်ယာဉ်ကာလတန်ဖိုး၏ (၅)ရာခိုင်နှုန်းကို အခွန်ကောက်ခံကြောင်း သိရသည်။

“ခရီးသွားလာတာတွေကတော့ ဘယ်သူမဆို လွတ်လပ်စွာ သွားလာရပါတယ်။ မော်တော်ယာဉ်ကတော့ လိုင်စင်မပါရင် မော်တော်ယာဉ်အသစ်လို သဘောထားပြီး အခွန်ဆောင်ရတယ်။ အခွန်ကတော့ မော်တော်ယာဉ် တန်ဖိုးရဲ့ (၅)ရာခိုင်နှုန်း ကောက်တယ်”ဟု UWSA/UWSP၏ လားရှိုးမြို့ အခြေစိုက် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

''ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ သတ်မှတ် ပေးထားသည့် ရှမ်းပြည်နယ် ခရိုင်(၂)ခုအတွင်းရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ်များပါဝင်သည့် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် မိန်းမောခရိုင်၊ ဝန်းကောင်ခရိုင်နှင့် မိုင်းပေါက်ခရိုင်(၃)ခုပါဝင်သည့် အထူးဒေသ(၂)သို့ ဝင်ပေါက်များတွင် မော်တော်ယာဉ်များအား လိုင်စင်စိစစ်ရာတွင် နိုင်ငံတော်အစိုးရက ထုတ်ပေးသည့် မော်တော်ယာဉ်လိုင်စင်ကို စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ အဝင်ဂိတ်တွေမှာ စစ်တယ်။ အများစု အသုံးပြုတာကတော့ တန့်ယန်းဘက်ကဝင်တဲ့ လမ်းကတော့ အသုံးများတယ်။ မန်မန်ဆို်င်သတ္တုတွင်းဂိတ်ပေါ့။ အဲဒီဘက်ကတော့ လူအဝင်အထွက်များတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်”ဟု ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အချက်အလက်များကို ဆက်သွယ်စုံစမ်းလိုသူများအနဖြေင့် UWSA/UWSP၏ ပြင်ပဆက်ဆံရေးရုံးများဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ တန့်ယန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တို့တွင် ဖွင့်လှစ်ထားသည့်ရုံးများတွင် ဆက်သွယ် စုံစမ်းနို်င်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~