ကျောက်မဲမြို့က အထက(၃)တွင် ရခိုင်ပြည်နယ်မှ ရောက်လာသူရှိနေ၍ ကျောင်းအဝင် အထွက် ယာယီကန့်သတ်

ကျောက်မဲမြို့က အထက(၃)တွင် ရခိုင်ပြည်နယ်မှ ရောက်လာသူရှိနေ၍ ကျောင်းအဝင် အထွက် ယာယီကန့်သတ်
သြဂုတ် 30, 2020
By Tachileik News Agency
ကျောက်မဲမြို့က အထက(၃)တွင် ရခိုင်ပြည်နယ်မှ ရောက်လာသူရှိနေ၍ ကျောင်းအဝင် အထွက် ယာယီကန့်သတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ရခိုင်ပြည်နယ်မှ ပြန်လာသူ (၂) ဦး ရောက်ရှိနေကြောင်း သိရသည့်အတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ ညနေမှစတင်၍ ကျောင်းဝန်းကို ယာယီကန့်သတ်ဧရိယာသတ်မှတ်ထားသည်။
“ရခိုင်က (၂) ယောက် လာတယ်ဆိုပေမဲ့ စစ်တွေဘက်က မဟုတ်ပါဘူး။ တစ်ယောက်က ဒီမှာကျောင်းတက်ရမယ့် ကျွန်တော့် တူလေးပါ။ နောက်တစ်ယောက်က သူ့အမေပါ။ သူတို့က သြဂုတ် (၃) ရက်နေ့ကတည်းက ရောက်နေတာပါ။ ကျောင်းဖွင့်ခဲ့တဲ့ အချိန်ရော အခုတခါ ကျောင်းပြန်ပိတ်တဲ့ထိ ကျောင်းဝန်းထဲမှာပဲ နေကြတာပါ။ ဒီနေ့မှ ဆိုင်ရာအဖွဲ့တွေက လာစစ်ဆေးပြီး ကန့်သတ်ထားလိုက်တာ” ဟု အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးမောင်မောင်ကြည်က  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်က ပြန်လာသူ (၂) ဦးရောက်ရှိနေကြောင်း သိရသဖြင့် ကျောက်မဲရှိ မြို့နယ် Covid ကာကွယ်၊ ထိန်းချုပ် ကုသရေး ကော်မတီ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူများက သြဂုတ် (၃၀) ရက်တွင် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကျောင်းဝန်းအတွင်း၌  ကျောင်းအုပ်ကြီး၊ ရခိုင်မှ ရောက်ရှိနေသည့် သားအမိ (၂) ဦး၊ ကျောင်းဆရာမ အချို့နှင့် ကျောင်းစောင့် မိသားစုဝင်များ အပါအဝင်  စုစုပေါင်း (၁၄) ဦးရှိပြီး သြဂုတ် (၃၀) ရက် မွန်းလွဲပိုင်းက စ၍ ကျောင်းကို အဝင်/ အထွက် ပိတ်ထားပြီး ယာယီကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း -နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~