မူဆယ္ၿမိဳ႕အ၀င္တြင္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပးေနသည့္ အဖြဲ႔မွ ပိုင္ရွင္မဲ့ေနတဲ့ ဆိုင္ကယ္အတြင္းက စိတ္ၾကြေဆးျပားမ်ား ရွာေဖြေတြ႔ရွိ

မူဆယ္ၿမိဳ႕အ၀င္တြင္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပးေနသည့္ အဖြဲ႔မွ ပိုင္ရွင္မဲ့ေနတဲ့ ဆိုင္ကယ္အတြင္းက စိတ္ၾကြေဆးျပားမ်ား ရွာေဖြေတြ႔ရွိ
စက်တင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕အ၀င္ အနီးတြင္ ပိုင္ရွင္မရွိဘဲ က်န္ရွိေနသည့္ ဆိုင္ကယ္အတြင္းမွ စိတ္ၾကြေဆးျပားမ်ားကို ယာဥ္ထိန္းရဲတပ္ဖြဲ႔က ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းက အမွတ္(၁၂၃ ) ယာဥ္ထိန္းရဲတပ္ဖဲြ႔စု(မူဆယ္ခရိုင္)မွ တပ္ဖဲြ႔စုမွဴး ဒုရဲမွဴးခ်စ္စိန္ႏွင့္ ယာဥ္ထိန္းရဲတပ္ဖဲြ႔ဝင္မ်ား အပါအ၀င္ ပူးေပါင္းအဖြဲ႔သည္ မူဆယ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အနီး၌ ယာဥ္/လမ္း စည္းကမ္း အသိပညာေပးမႈအျဖစ္ ဆိုင္ကယ္စီးဦးထုပ္မေဆာင္သူမ်ားအား ရပ္တန္႔ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး အသိပညာေပး ေဟာေျပာမႈအျဖစ္ ေဆာင္ရြက္ၿပီးေနာက္ ယင္းသို႔ ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

"ေဟာေျပာပြဲ ၿပီးတ့ဲအခ်ိန္မွာ ဆိုင္ကယ္တစ္စီးက ယူမယ့္သူမရွိပဲ ေသာ့တန္းလန္းနဲ႔ က်န္ေနတယ္၊ အနီးနားက စက္သံုးဆီဆိုင္ ကလည္း သူတို႔ဆိုင္ကယ္ မဟုတ္ဘူး ေျပာတာနဲ႔ အ့ဲဒါ တူးေဘာက္စ္ကို ဖြင့္ၾကည့္ေတာ့ ေဆးျပားေတြေတြ႔တာ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကား လိုက္ေတာ့ လာၿပီး စစ္ေဆး သိမ္းဆည္းသြားပါတယ္"ဟု အမွတ္(၁၂၃ ) ယာဥ္ထိန္းရဲတပ္ဖဲြ႔စု(မူဆယ္ခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးခ်စ္စိန္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

က်န္ရစ္ခ့ဲသည့္ KENBO 125 CC အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္၏ တူးေဘာက္အတြင္း မွ 88 နွင့္ 1 စာတမ္းပါ ပန္းနုေရာင္ စိတ္ျကြေဆးျပား (၁၁၉၀၀)ျပားကို ေတြ႔ရွိရသည့္အတြက္  မူဆယ္ျမိဳ႕မရဲစခန္းသို႔ အပ္ႏွံလိုက္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - CS


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင် အနီးတွင် ပိုင်ရှင်မရှိဘဲ ကျန်ရှိနေသည့် ဆိုင်ကယ်အတွင်းမှ စိတ်ကြွဆေးပြားများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၂၃ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်စိန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့အဝင် ဆိုင်းဘုတ်အနီး၌ ယာဉ်/လမ်း စည်းကမ်း အသိပညာပေးမှုအဖြစ် ဆိုင်ကယ်စီးဦးထုပ်မဆောင်သူများအား ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်ပြီး အသိပညာပေး ဟောပြောမှုအဖြစ် ဆောင်ရွက်ပြီးနောက် ယင်းသို့ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"ဟောပြောပွဲ ပြီးတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးက ယူမယ့်သူမရှိပဲ သော့တန်းလန်းနဲ့ ကျန်နေတယ်၊ အနီးနားက စက်သုံးဆီဆိုင် ကလည်း သူတို့ဆိုင်ကယ် မဟုတ်ဘူး ပြောတာနဲ့ အဲ့ဒါ တူးဘောက်စ်ကို ဖွင့်ကြည့်တော့ ဆေးပြားတွေတွေ့တာ ရဲတပ်ဖွဲ့ကို အကြောင်းကြား လိုက်တော့ လာပြီး စစ်ဆေး သိမ်းဆည်းသွားပါတယ်"ဟု အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်စိန် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျန်ရစ်ခဲ့သည့် KENBO 125 CC အမျိုးအစား မော်တော်ဆိုင်ကယ်၏ တူးဘောက်အတွင်း မှ 88 နှင့် 1 စာတမ်းပါ ပန်းနုရောင် စိတ်ကြွဆေးပြား (၁၁၉၀၀)ပြားကို တွေ့ရှိရသည့်အတွက် မူဆယ်မြို့မရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - CS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~