ကိုရိုနာ ကာကွယ်ရေးအတွက် ကျောက်မဲမြို့တွင် ပုဂ္ဂလိကကျောင်းများနှင့် သင်တန်းများ ပိတ်သိမ်း

ကိုရိုနာ ကာကွယ်ရေးအတွက် ကျောက်မဲမြို့တွင် ပုဂ္ဂလိကကျောင်းများနှင့် သင်တန်းများ ပိတ်သိမ်း
မတ် 19, 2020
By Tachileik News Agency
ကိုရိုနာ  ကာကွယ်ရေးအတွက် ကျောက်မဲမြို့တွင် ပုဂ္ဂလိကကျောင်းများနှင့် သင်တန်းများ ပိတ်သိမ်း

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ပုဂ္ဂလိကကျောင်းများ၊ သင်တန်းများ အပါအဝင် ကျောင်းများအားလုံး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့က စ၍ ပိတ်လိုက်ပြီဖြစ်သည်။

 ကျောင်းတွေအားလုံး ပိတ်ရမယ်လို့ ညွှန်ကြားချက်တော့ မကျထားပါဘူး။ ကျွန်တော်တို့လည်း အမိန့် မထုတ်ပြန်ထားဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ်တော့ ပိတ်နေကြပြီလို့ ကြားပါတယ်။ မိခင်နဲ့ကလေး စောင့်ရှောက်ရေးဌာနက ဖွင့်ထားတဲ့ မူကြိုကျောင်းကိုတော့ ကျွန်တော်တို့ ပိတ်ထားခိုင်းလိုက်ပြီ။ ကျန်တဲ့ ပုဂ္ဂလိကကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေကတော့ ကိုယ့်ဘာကိုယ် ပိတ်နေကြပြီလို့ သိရပါတယ်

 ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်၊

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော နေ့ကလေးထိန်းမူကြိုကျောင်းကို မတ်လ (၁၆) ရက်နေ့က လည်းကောင်း၊ ပုဂ္ဂလိက မူကြိုကျောင်းများနှင့် တရုတ်စာသင်ကျောင်းများကို မတ်လ (၁၈) ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း အချို့ကို မတ်လ (၁၉) ရက်နေ့တွင်လည်းကောင်း ပိတ်လိုက်ခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လုပ်ငန်းစီမံချက်ကို ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ မတ်လ (၁၆)ရက်နေ့က တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~