ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မဲရုံအမှတ်(၂)တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ (၆)ပေခြားတန်းစီ၍ မဲပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မဲရုံအမှတ်(၂)တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ (၆)ပေခြားတန်းစီ၍ မဲပေးနေ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မဲရုံအမှတ်(၂)တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ (၆)ပေခြားတန်းစီ၍ မဲပေးနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မဲရုံအမှတ် (၃) တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် (၆)နာရီမှစ၍ ဆန္ဒမဲပေးနေကြရာ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး (၆) ပေခြားစီတန်းစောင့်ဆိုင်း မဲပေးနေကြသည်ကို တွေ့ရသည်။
အဆိုပါ မဲရုံတွင် မဲဆန္ဒရှင်စုစုပေါင်း (၂,၁၉၀) ဦး မဲပေးမည်ဖြစ်ပြီး COVID 19 ကာကွယ်ရေးအတွက် မဲရုံအဝင်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ Hand Sanitizer များဖြန်းခြင်းကို လုပ်ဆောင်ပေးနေသည်ကို တွေ့ရသည်။
အမှတ် (၂) ရပ်ကွက်ရှိ မဲရုံအမှတ် (၃)၌ နံနက် (၆)နာရီဝန်းကျင်တွင် မဲပေးရန်စောင့်ဆိုင်းသူ (၅၀)ဦးခန့်ရှိနေပြီဖြစ်ပြီး နိုင်ငံရေးပါတီများမှ စောင့်ကြည့်လေ့လာသူများလည်း ရောက်ရှိနေကြခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် မဲရုံ (၉၉)ရုံ၌ ဆန္ဒမဲပေးခွင့်ရှိသူ (၁၁,၀၀၀) ကျော် ဆန္ဒမဲပေးကြမည်ဖြစ်ပြီး ခရိုင်တစ်ခုလုံးတွင် မဲရုံပေါင်း (၃၃၉)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~