ကွတ်ခိုင်ရှိ ကာလိုင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၉ လုံးကြဲ အရပ်သားတစ်ဦးသေကာ နေအိမ်များပျက်စီး

ကွတ်ခိုင်ရှိ ကာလိုင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၉ လုံးကြဲ အရပ်သားတစ်ဦးသေကာ နေအိမ်များပျက်စီး
နိုဝင်ဘာ 2, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သော ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်နှင့် ဈေးတို့ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး(၉)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် နေအိမ် (၃)လုံးပျက်စီးပြီး ကာလိုင်စျေးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : News & Information Department