ပညာပေးအကြောင်းအရာပါသည့် ဇာတ်လမ်းများဖြင့် မြန်မာဗီဒီယိုဇာတ်ကားများ ပြန်လည် ဦးမော့လာရေး ဆောင်ရွက်မည်

ပညာပေးအကြောင်းအရာပါသည့် ဇာတ်လမ်းများဖြင့် မြန်မာဗီဒီယိုဇာတ်ကားများ ပြန်လည် ဦးမော့လာရေး ဆောင်ရွက်မည်
စကျတငျဘာ 27, 2018
By Tachileik News Agency




ဥက္ကဌ ရွေးချယ်ပွဲသို့ တက်ရောက်လာသည့် ဗွီဒီယိုအခြေခံအဖွဲ့(လားရှိုး)မှ အဖွဲ့ဝင်များ၊ အမှုဆောင်များကလည်း နယ်ဒေသ ဗွီဒီယိုလောကတွင် ကြုံတွေ့နေရသည့် ခိုးကူးခွေပြသနာများ၊ မူပိုင် ရယူထားသူများ နစ်နာနေရသည့် SD ကဒ်ဖြင့် ဇာတ်ကားများရောင်းချနေခြင်းပြဿနာများ၊ ဗွီဒီယိုခွေများ၏ အရည်အသွေးများနှင့် ပတ်သက်သည့် အခက်အခဲများကို ဆွေးနွေးကြသည်။


သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ပညာပေးအကြောင်းအရာများ ပါဝင်သည့် ဇာတ်ကားများ ရိုက်ကူးပြီး မြန်မာဗီဒီယိုဇာတ်ကားများ ပြန်လည် ဦးမော့လာရေး ဆောင်ရွက်မည်ဟု သရုပ်ဆောင်နေထူးနိုင်က ပြောကြားလိုက်သည်။

 “မြန်မာဗွီဒီယို ဇာတ်ကားတွေ ပြန်ပြီး ဦးမော့လာဖို့အတွက် ဇာတ်ကားတွေမှာ ပညာပေး အကြောင်းအရာပါတဲ့ ဇာတ်လမ်းတွေကိုပဲ ရိုက်သွားဖို့ အစီအစဉ်ရှိပါတယ်။ အရာအားလုံးကို ကိုယ် ကိုယ်တိုင်ကစပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လုပ်နေတာတွေက နောင်လာ နောင်သားတွေအတွက် အသီးအပွင့်တွေ ခူးဆွတ် ခံစားနိုင်ဖို့ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး (ဗဟို) မှ အတွင်းရေးမှူး ဦးနေထူးနိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့က ပြုလုပ်သည့် ရှမ်း/မြောက် ဗီဒီယိုအခြေခံအဖွဲ့(လားရှိုး) ဥက္ကဌသစ် ရွေးချယ်ပွဲတွင် ပြောသည်။

လက်ရှိ မြန်မာဗီဒီယိုလောက တိုးတက်ပြောင်းလဲလာစေရေး အတွက် ခိုးကူးခွေများအား ဆန့်ကျင်ခြင်း၊ ခိုးကူးခွေ ရောင်းချနေမှုများကို ဝိုင်းဝန်း စုံစမ်းကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား၍ ဝိုင်းဝန်း ဖမ်းဆီးခြင်းများ လုပ်ဆောင်နိုင်ကြောင်း အကြံပြုသည်။

ဥက္ကဌ ရွေးချယ်ပွဲသို့ တက်ရောက်လာသည့် ဗွီဒီယိုအခြေခံအဖွဲ့(လားရှိုး)မှ အဖွဲ့ဝင်များ၊ အမှုဆောင်များကလည်း နယ်ဒေသ ဗွီဒီယိုလောကတွင် ကြုံတွေ့နေရသည့် ခိုးကူးခွပြေသနာများ၊ မူပိုင် ရယူထားသူများ နစ်နာနေရသည့် SD ကဒ်ဖြင့် ဇာတ်ကားများရောင်းချနခြေင်းပြဿနာများ၊ ဗွီဒီယိုခွေများ၏ အရည်အသွေးများနှင့် ပတ်သက်သည့် အခက်အခဲများကို ဆွေးနွေးကြသည်။

လားရှိုးမြို့ရှိ ပြည်နယ် ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီရုံးတွင် ပြုလုပ်သည့် ရှမ်း/မြောက် ဗွီဒီယို အခြေခံ အဖွဲ့(လားရှိုး)၏ ဥက္ကဌနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဗွီဒီယိုလုပ်ငန်း ကိုယ်စားလှယ်များ၏ မဲပေးရွေးချယ်မှုဖြင့် ရှမ်း/မြောက် ဗွီဒီယိုအခြေခံ အဖွဲ့(လားရှိုး)၏ ဥက္ကသစ်အဖြစ် ဦးမိုးမြင့်အောင်၊ ဒုတိယဥက္ကဌအဖြစ် ဦးကျော်လှိုင် နှင့် အတွင်းရေးမှူး အဖြစ် ဦးစိုင်းလှကျော်တို့ ရွေးချယ်ခံရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~