ကျောက်မဲမြို့အဝင် COVID 19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေသည့်ဂိတ် တိုက်ပွဲကြောင့် နေရာရွှေ့ပြောင်းရ

ကျောက်မဲမြို့အဝင် COVID 19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေသည့်ဂိတ် တိုက်ပွဲကြောင့် နေရာရွှေ့ပြောင်းရ
အောက်တိုဘာ 7, 2020
By 🌸
ကျောက်မဲမြို့အဝင် COVID 19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေသည့်ဂိတ် တိုက်ပွဲကြောင့် နေရာရွှေ့ပြောင်းရ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ် Check Point အနီးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ နံနက်က ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့သို့ Check Point ကို ယာယီ ရွှေ့ပြောင်းထားရသည်။

"Check Point ကို ခရိုင်ပြည်သူ့ဆေးရုံအရှေ့ မူကြိုကျောင်းနားမှာ ယာယီရွှေ့ထားပါတယ်။ မြို့ထဲကို ဝင်လာသူတွေကို အခု ယာယီရွှေ့ထားတဲ့နေရာမှာ ကျန်းမာရေး စစ်ဆေးပါမယ်" 

ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ကျောက်မဲမြို့တွင် COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်ဆေးနေသည့် Check Point ဖြင့်စစ်ဆေးနေသည့် ပြည်ထောင်စုလမ်းမကြီးနှင့် ပင်လုံလမ်းမကြီးဆုံရာနေရာအနီးရှိ ကျွဲကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။
ကျောက်မဲဒေသအတွင်း အောက်တိုဘာလ (၂) ရက်နေ့မှစ၍ တပ်မတော်နှင့် RCSS/SSA တို့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့အဝင် ခိုမုန်းကျေးရွာရှိ ကုန်တင်ယာဉ်မောင်းများ ကျန်းမာရေး  စစ်ဆေးမှု စင်တာကိုလည်း နေရာရွှေ့ပြောင်းထားရခြင်းဖြစ်သည်။
ပြည်တွင်းကူးစက်မှုများ မပျံ့နှံ့စေရန် COVID 19 ထိန်းချုပ်နေရသည့်ကာလအတွင်း ကျောက်မဲမြို့နယ်၌ တိုက်ပွဲများဖြစ်လာ၍ ဒေသခံ (၉၀၀)ကျော်မှာလည်း တိုက်ပွဲရှောင်နေရခြင်းဖြစ်သည်။
Tachileik News Agency

သတင်း၊ ဓာတ်ပုံ - နေဖြိုးမြင့်  


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~