ချင်းပြည်နယ်အရေး ချင်းအဖွဲ့ (၄)ဖွဲ့ပေါင်းပြီး ချင်းညီနောင် အဖြစ် ဖွဲ့စည်း

ချင်းပြည်နယ်အရေး ချင်းအဖွဲ့ (၄)ဖွဲ့ပေါင်းပြီး ချင်းညီနောင် အဖြစ် ဖွဲ့စည်း
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေးနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ချင်းတော်လှန်ရေး အဖွဲ့ (၄)ဖွဲ့ပေါင်းစည်းပြီး "ချင်းညီနောင်"အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မူလက ဇိုမီးဖက်ဒရယ်အစည်းအရုံး( Zomi Federal Union - ZFU) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization  - CNO ) နှင့် ချင်းအမျိုးသားကောင်စီ - မင်းတပ် ( Chin National Council - Mandat ) CDF-Mindat တို့ (၃)ဖွဲ့ပေါင်းပြီး ချင်းညီနောင်အဖြစ် ဖွဲ့စည်းထားရာမှ ယခုအခါ ထပ်မံ၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ( Maraland Territorial Council - MTC )ပါဝင်လာရာ   အဖွဲ့(၄)ဖွဲ့ ဖြစ်လာခြင်း ဖြစ်သည်။



 ချင်းပြည်နယ်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များတွင် "ချင်းညီနောင်"၏ စံတန်ဖိုး၊ ခံယူချက်၊ ဘုံသဘောတူညီမှုများနှင့် ကိုက်ညီသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး အနာဂတ်တွင် ဒီမိုကရေစီစံနှုန်းထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း သဘောထား တူညီစွာ ထုတ်ပြန်ထားကြသည်။