ဘီးလင်းမြို့တွင် ရွာချင်းဆက်လမ်းအား စစ်ကောင်စီတပ်က မြေတူးဖျက်ဆီး

ဘီးလင်းမြို့တွင် ရွာချင်းဆက်လမ်းအား စစ်ကောင်စီတပ်က မြေတူးဖျက်ဆီး
အောက်တိုဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာ  ရွာချင်းဆက်လမ်းအား ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ညတွင် စစ်ကောင်စီတပ်က မြေတူးစက် (၂)စီးနှင့် တူးကာ ဖျက်ဆီးသွားကြောင်း တောကျီးကန်းစစ်ကြောင်းထံမှ သိရသည်။

လမ်းဖျက်ဆီးရန်အတွက်  အမြှောက်တပ်မှ ပစ်ကူပေးပြီး လုံခြုံရေး အင်အားများစွာဖြင့် လာရောက်ဖျက်စီးသဖြင့် တောကျီးကန်းစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များက ယင်းနေ့ညပိုင်းတွင်ပင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : တောကျီးကန်းစစ်ကြောင်း