တပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား( ၂ ) ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်းထား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလာသည့် တပ်သား(၂)ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ၂၀၂၃ခုနှစ် ဇွန်လ (၆)ရက်နေ့က ဖမ်းဆီးရမိပြီး ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီ တပ်သား( ၂ )ဦးမှာ တပ်သား စောနောင်ထွန်းနှင့် တပ်သား အောင်မျိုးကျော် တို့ဖြစ်ပြီး စစ်ကောင် စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍  ၂၀၂၃ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။  

၎င်းတို့နှင့်အတူ MA 1 သေနတ်တစ်လက်၊ ကျည်ဘောက်(၄)ခု၊ ကျည်(၃၃၀)တောင့်နှင့် MG1 လက်ပစ်ဗုံးတစ်လုံး ပါရှိသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ယနေ့ဇွန်လ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Video : Chin National Organization