(၄၄)လမ်းဖြစ်စဉ် ကျဆုံးရဲဘော်များ အထိမ်းမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် (၄၄)လမ်းတွင် တိုက်ပေါ်မှ ခုန်ချသွားခဲ့သည့် တော်လှန်ရေးရဲဘော်များအတွက် အထိမ်းအမှတ်အဖြစ် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

(၄၄)လမ်းသည် CCTV များစွာဖြင့် စောင့်ကြည့်နေသည့်လမ်းဖြစ်သည့်အပြင် အရပ်ဝတ် စစ်ကောင်စီတပ်သားများ ရှိနေသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဩဂုတ်လအတွင်းက (၄၄)လမ်းရှိ တိုက်တစ်ခုအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းရာ တော်လှန်ရေးလူငယ်(၅)ဦး တိုက်ပေါ်မှ အလွတ်ခုန်ချခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency

Video : Assistance Association for Myanmar-based Independent Journalists