မန်ဝိန်းကြီးစစ်တပ်စခန်းကို KIA ပူးပေါင်းတပ်များသိမ်းရာ စစ်ကောင်စီတပ်သား ၅၀ ကျော် တရုတ်ကိုထွက်ပြေး၊ တရုတ်က မြန်မာပြည်တွင်းသို့ ပြန်ပို့

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် မြစ်ကိုဖြတ်ကာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။

KIA ပူးပေါင်းတပ်များက ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား(၅၀)ကျော်သည် မြစ်ကိုဖြတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၁၇၀)ကျော်မှာ လက်နက်ချအညံ့ခံသည်ဟုလည်း KIAနှင့်နီးစပ်သူက Tachileik News Agencyကိုပြောသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို တရုတ်က ယနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် မြန်မာပြည်တွင်းသို့ ပြန်ပို့လိုက်ပြီဟုလည်း သိရသည်။

#TachileikNewsAgency

Video: Padang Nsen