ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မြေမလှရွာဘက်သို့ စစ်ကြောင်း(၃)ကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တောရိုးအရောက်တွင် ဒေသကာကွယ်ရေးတပ်များက အနီးကပ်စောင့်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်ခံရခြင်းကြောင့် ထိခိုက်သေဆုံးသူများကို စစ်ကောင်စီတပ် ခလရ(၂၅၇)က ဖောကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားပြီး လူချိန်းကာ စစ်ကြောင်းထပ်ထိုးလာသဖြင့် ညနေပိုင်းတွင် တောင်ဦးရွာနှင့် မြေလှရွာအကြားတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)နှင့် နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်