လွိုင်ကော် စက်မှုကျောင်းမှ ပထမနှစ်ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

လွိုင်ကော် စက်မှုကျောင်းမှ ပထမနှစ်ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
အောက်တိုဘာ 11, 2019
By 🌸
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်မှုကျောင်းလာတက်နေသည့် ကျောင်းသူတစ်ဦး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ ညပိုင်းက နေထိုင်သည့်နေအိမ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးသွားသဖြင့် စစ်ဆေးနေကြောင်း သိရသည်။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ နေအိမ်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း အောက်တိုဘာလ (၁၀) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင်  ရပ်ကွက်အုပ်ချုပ်ရေးမှူးက လွိုင်ကော်မြို့မရဲစခန်း သို့ အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ကြိုးဆွဲချသေဆုံးနေသူမှာ လွိုင်ကော်မြို့ စက်မှုကျောင်းတွင် ပထမနှစ်လာတက်နေသည့် အသက် (၂၈)နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ပြီး အဆိုပါနေအိမ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးရခြင်းအကြောင်းရင်းအားစစ်ဆေးနိုင်ရန် အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၉) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
လိြဳင္ေကာ္ စက္မႈေက်ာင္းမွ ပထမႏွစ္ေက်ာင္းသူတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
***********
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ စက္မႈေက်ာင္းလာတက္ေနသည့္ ေက်ာင္းသူတစ္ဦး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀) ရက္ေန႔ ညပိုင္းက ေနထုိင္သည့္ေနအိမ္ခန္းအတြင္း ႀကိဳးဆြဲခ်ေသဆုံးသြားသျဖင့္ စစ္ေဆးေနေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ နာနတ္ေတာရပ္ကြက္ရိွ ေနအိမ္၌ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း ေအာက္တုိဘာလ (၁၀) ရက္ေန႔ ည (၇) နာရီဝန္းက်င္တြင္  ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက လိြဳင္ေကာ္ၿမိဳ႕မရဲစခန္း သို႔ အေၾကာင္းၾကားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ႀကိဳးဆြဲခ်ေသဆုံးေနသူမွာ လိြဳင္ေကာ္ၿမိဳ႕ စက္မႈေက်ာင္းတြင္ ပထမႏွစ္လာတက္ေနသည့္ အသက္ (၂၈)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးျဖစ္ၿပီး အဆိုပါေနအိမ္တြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရသည္။

ေသဆံုးရျခင္းအေၾကာင္းရင္းအားစစ္ေဆးႏုိင္ရန္ အေလာင္းအား လူမႈကူညီေရးအသင္းကားျဖင့္ လြိဳင္ေကာ္ျပည္သူ႔ေဆးရုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁၆/၂၀၁၉) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net