တာချီလိတ် နောင်ယာဆိုင်းကျေးရွာအဝင်လမ်းကို လွှတ်တော်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည်

တာချီလိတ် နောင်ယာဆိုင်းကျေးရွာအဝင်လမ်းကို လွှတ်တော်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည်
အောက်တိုဘာ 29, 2019
By 🌸
တာချီလိတ် နောင်ယာဆိုင်းကျေးရွာအဝင်လမ်းကို လွှတ်တော်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည်
**************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာအဝင်လမ်းမှာ မိုးရာသီကာလအတွင်း သွားလာရခက်ခဲနေသဖြင့် လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) မှ ကျပ်သိန်း (၅၀) သုံးစွဲ၍ ကွန်ကရစ်လမ်းခင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စု ပါဘီး(၂) ကျေးရွာနှင့် မယ်ဖုန်းလုံကျေးရွာကြားရှိ နောင်ယာဆိုင်းကျေးရွာအဝင်လမ်းမှာ မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် သွားလာရေးခက်ခဲသည့်အတွက် ပေ (၃၀၀) ကျော်အရှည်ရှိ လမ်းကို ကွန်ကရစ်ခင်းပေးရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၆) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့က လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ထဲကနေ ကျပ်သိန်း (၅၀) ရမှာပေါ့။ လိုအပ်တဲ့ငွေကို ဒေသခံတွေက စုပေါင်းပြီး လမ်းအဆုံးထိခင်းဖို့တော့ လိုတာပေါ့"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ဒေသခံများတင်ပြချက်အား ပြန်လည်ဖြေကြားသည်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ ပါဘီး (၁၊ ၂၊ ၃၊ ၄၊ ၅) ကျေးရွာဒေသခံများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်တစ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှ ခရိုင်ဦးစီးမှူး ဦးမာကု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဟတ်ထွန်းနှင့် နယ်စပ်ရေးရာစည်ပင်သာရေးဌာနမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၆) ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် နောင်ယာဆိုင်းကျေးရွာမှ လာရောက်တင်ပြခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ နောင်ယာဆိုင်းကျေးရွာမှာ လားဟူလူမျိုးများနေထိုင်ပြီး အိမ်ခြေ (၂၄) အိမ်နှင့် လူဦးရေ (၁၀၄) ဦး နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာဖြစ်သည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း ဒေသခံများက ကျေးလက်လမ်း၊ စိုက်ပျိုးရေရရှိရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေးများကို တင်ပြခဲ့ကြသည်။

သတင်း၊ ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ ေနာင္ယာဆုိင္းေက်းရြာအဝင္လမ္းကို လႊတ္ေတာ္ရန္ပံုေငြျဖင့္ ကြန္ကရစ္လမ္းခင္းမည္
**************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ေနာင္ယာဆိုင္းေက်းရြာအဝင္လမ္းမွာ မိုးရာသီကာလအတြင္း သြားလာရခက္ခဲေနသျဖင့္ လႊတ္ေတာ္ရန္ပံုေငြ က်ပ္သိန္း (၁၀၀၀) မွ က်ပ္သိန္း (၅၀) သံုးစြဲ၍ ကြန္ကရစ္လမ္းခင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းကိုးေက်းရြာအုပ္စု ပါဘီး(၂) ေက်းရြာႏွင့္ မယ္ဖုန္းလံုေက်းရြာၾကားရိွ ေနာင္ယာဆိုင္းေက်းရြာအဝင္လမ္းမွာ ေျမသားလမ္းျဖစ္ၿပီး မိုးတြင္းကာလတြင္ သြားလာေရးခက္ခဲသည့္အတြက္ ေပ (၃၀၀) ေက်ာ္အရွည္ရိွ လမ္းကို ကြန္ကရစ္ခင္းေပးရန္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၂၆) ရက္ေန႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ဌာနဆိုင္ရာမ်ားႏွင့္ ေက်းရြာေနျပည္သူမ်ား ေတြ႔ဆံုေဆြးေႏြးစဥ္ တင္ျပခဲ့ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔က လႊတ္ေတာ္ရန္ပံုေငြ က်ပ္သိန္း (၁၀၀၀) ထဲကေန က်ပ္သိန္း (၅၀) ရမွာေပါ့။ လိုအပ္တဲ့ေငြကို ေဒသခံေတြက စုေပါင္းၿပီး လမ္းအဆံုးထိခင္းဖို႔ေတာ့ လိုတာေပါ့"ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္းက ေဒသခံမ်ားတင္ျပခ်က္အား ျပန္လည္ေျဖၾကားသည္။

တာခ်ီလိတ္ၿမို႕နယ္ မိုင္းကိုးေက်းရြာအုပ္စုရိွ ပါဘီး (၁၊ ၂၊ ၃၊ ၄၊ ၅) ေက်းရြာေဒသခံမ်ားႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဌးဝင္း၊ ဒုတိယၿမို႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းဆိုင္တစ္၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဌာနမွ ခရိုင္ဦးစီးမွဴး ဦးမာကု၊ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနမွ ဦးစီးအရာရိွ(ၿမို႕ျပ) ဦးဟတ္ထြန္းႏွင့္ နယ္စပ္ေရးရာစည္ပင္သာေရးဌာနမွ တာဝန္ရိွသူမ်ားသည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၂၆) ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးစဥ္ ေနာင္ယာဆုိင္းေက်းရြာမွ လာေရာက္တင္ျပခဲ့ျခင္း ျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုရိွ ေနာင္ယာဆိုင္းေက်းရြာမွာ လားဟူလူမ်ိဳးမ်ားေနထိုင္ၿပီး အိမ္ေျခ (၂၄) အိမ္ႏွင့္ လူဦးေရ (၁၀၄) ဦး ေနထိုင္ၿပီး စိုက္ပ်ိဳးေရးလုပ္ငန္းကို အဓိကထားလုပ္ကိုင္သည့္ ေက်းရြာျဖစ္သည္။

ကြင္းဆင္းစစ္ေဆးမႈအတြင္း ေဒသခံမ်ားက ေက်းလက္လမ္း၊ စိုက္ပ်ိဳးေရရရိွေရး၊ ႏိုင္ငံသား စိစစ္ေရးကတ္ျပားရရိွေရးမ်ားကို တင္ျပခဲ့ၾကသည္။

သတင္း၊ ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net