မကွေးမြို့တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းဆီးမှုနှစ်ခုမှ စိတ်ကြွဆေးပြားများနှင့် အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိ

မကွေးမြို့တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းဆီးမှုနှစ်ခုမှ စိတ်ကြွဆေးပြားများနှင့် အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency

မကွေးမြို့တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းဆီးမှုနှစ်ခုမှ စိတ်ကြွဆေးပြားများနှင့် အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ တစ်နေ့တည်းတွင် မူးယစ်ဆေးနှင့်အတူ အမျိုးသား (၅) ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မိုတယ်တစ်ခုတွင် တည်းခိုနေသူ (၁) ဦးနှင့် မကွေးမြို့တွင်းသို့ ဆိုင်ကယ် (၂) စီးဖြင့် ဝင်ရောက်လာသူ (၄) ဦးတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀) ကျော်ကို ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့နှင့်အတူ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် (၂) နာရီခွဲဝန်းကျင်၌ မိုတယ်တစ်ခုတွင် အောင်မြတ်စိုး(ခ)အော်စကာ တည်းခိုနေထိုင်သည့်အခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်း၏ ဘောင်းဘီအတွင်းမှ 88 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅)ပြား၊ ကုတင်ပေါ်မှ သုံးလက်စ ခဲပြား(၁)ခု၊ ခဲပတ်လိပ်(၁)ခုနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းမှာပင် နတ်မောက်မြို့ဘက်မှ မကွေးမြို့ဘက်သို့  တစ်စီးလျှင် (၂) ဦးစီဖြင့် စီးနင်း မောင်းနှင်လာသည့် ဆိုင်ကယ်(၂)စီးကို ရပ်တန့်စစ်ဆေးရာ ထက်ဝေယံ (ခ) ဖြိုးဝေယံ မောင်းနှင်ပြီး ဖြူမင်းအောင် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်၏ တူးဘောက်စ်အတွင်းမှ တစ်ထုပ်လျှင် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား(၂၀၀)ပါရှိသော အပြာရောင် ကပ်ခွာအိတ်(၂) အိတ်ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြား (၅)ပြားနှင့်အတူ ဖမ်းမိသည့် အောင်မြတ်စိုး(ခ)အော်စကာ မကွေးမြို့မရဲစခန်းတွင် မယ(ပ) ၁/၂၀၂၀ မူးစိတ်ပုဒ်မ ၁၆(ဂ) / ၂၀(က) ဖြင့်လည်းကောင်း၊ မူးယစ်ဆေးပြား (၄၀၀)နှင့်အတူ ဖမ်းဆီးရမိသည့် ထက်ဝေယံ(ခ)ဖြိုးဝေယံ၊ ဖြူမင်းအောင်၊ သိန်းမော်(ခ)ကျော်ကျော်နှင့် သက်နိုင်စံ(ခ) ဖိုးချမ်းတို့(၄)ဦးအား  မကွေးမြို့မရဲစခန်းတွင်  မယ(ပ)၂/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က) / ၂၁ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~