COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ အခြေခံလူတန်းစားများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ပေးဝေ

COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ အခြေခံလူတန်းစားများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ပေးဝေ
ဧပြီ 14, 2020
By Tachileik News Agency
COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ အခြေခံလူတန်းစားများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ပေးဝေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးကာလအတွင်း  နေအိမ်ခြံဝန်းတွင် ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလိုသူများအတွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးပေးနေကြောင်း သိရသည်။

“ဟင်းသီးဟင်းရွက်တစ်ချို့ကကျတော့ မျိုးစေ့တိုက်ရိုက် စိုက်လို့ရတယ်။ ဒါကြောင့် ပျိုးထောင်တာတွေ မလုပ်တော့ဘဲ မျိုးစေ့တွေပေးမယ်လို့ ဆုံးဖြတ်ထားတာ။ လိုအပ်တယ်ဆိုရင်တော့ စိုက်ပျိုးရေးဦးစီးဌာနရုံးမှာ လာယူလို့ရပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန် တတ်နိုင်သမျှ အိမ်တွင်နေထိုင်နိုင်ရေးအတွက် covid-19 ကာလအတွင်း အခြေခံလူတန်းစားများ Home Garden ပြုလုပ်စိုက်ပျိုးကာ စားဖိုချောင်သီးနှံအဆင်ပြေစေရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များ ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဧပြီလ (၁၃)ရက်နေ့က ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးထားပြီး စိုက်ပျိုးလိုသူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဖုန်း ၀၉ ၅၂၄၀၈၃၄ သို့ ဆက်သွယ်၍ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် လည်းကောင်း အခမဲ့ ရယူနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~