မိုင်းဆတ်မြို့တွင် မီးအကြွင်းအကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

မိုင်းဆတ်မြို့တွင် မီးအကြွင်းအကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်း
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency

မိုင်းဆတ်မြို့တွင် မီးအကြွင်းအကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မီးအကြွင်းအကျန်မှတဆင့် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးမီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလလမ်းရှိ ဒေါ်ပါထူး(ခ)ဒေါ်ကြည်ကြည်ဝင်း၏ နေအိမ်တွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ည(၈)နာရီကျော်က ထင်းမီးဖြင့် ရေနွေးတည်ရာ မီးကြွင်းမီးကျန်မှတဆင့်  မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့်  ဒေါ်ပါထူး(ခ)ဒေါ်ကြည်ကြည်ဝင်း၏  တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး  လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့(၂၀)ဦး၊ အရန်မီး သတ်တပ်ဖွဲ့(၁၀)ဦးတို့က မီးငြိမ်း သတ်ယာဉ်(၃)စီးဖြင့် ပြည်သူများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြရာ ည(၈)နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့၍ အခြားဘေးအိမ်များသို့ မီးကူးစက်မှု မရှိခဲ့ပဲ နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ပါထူး(ခ)ဒေါ်ကြည်ကြည်ဝင်းအား မီးပေါ့ဆမှုဖြင့် မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၄၀/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅အရ အမှုဖွင့်ထားကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~