မကွေးတိုင်းဒေသကြီး အတွင်းသို့ အခြား တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူများကို Facility Quarantine (၂၁)ရက် ထားရှိရန် ညွှန်ကြားသွားမည်

မကွေးတိုင်းဒေသကြီး အတွင်းသို့ အခြား တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူများကို Facility Quarantine (၂၁)ရက် ထားရှိရန် ညွှန်ကြားသွားမည်
ဧပြီ 21, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီး အတွင်းသို့ အခြား တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူများကို Facility Quarantine (၂၁)ရက် ထားရှိရန် ညွှန်ကြားသွားမည်

မကွေးတိုင်းဒေသကြီး အတွင်းသို့ အခြား တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူများနှင့် တိုင်းဒေသကြီးအတွင်း ပြန်လည် ဝင်ရောက်လာသူများကို Facility Quarantine (၂၁)ရက် ထားရှိဆောင်ရွက်သွားရန် ညွှန်ကြားချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မကွေး တိုင်းအစိုးရအဖွဲ့က ပြောကြားလိုက်သည်။

“အခြားတိုင်းနဲ့ပြည်နယ်တွေက မကွေးတိုင်းမှာရှိတဲ့ နယ်မြေဒေသအသီးသီးကို လာရောက်ကြသူတွေနဲ့ မိမိ မြို့နယ်များအတွင်း အခြားနေရာဒေသများကို နေ့စဉ်သွားလာလုပ်ကိုင်နေကြသူတွေကို မြို့နယ် ကျေးရွာ များအတွင်း ဝင်ထွက်သွားလာခွင့် မပြုတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်လျှက်ရှိနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ထွေ/အုပ်တွေက မိမိနယ်မြေအတွင်း အခြားနေရာများမှာ နေ့စဉ် သွားလာ လုပ်ကိုင်နေသူတွေကို ပိတ်ပင်ခြင်း မပြုကြစေဘဲ အခြားပြည်နယ်တိုင်းတွေဆီ နယ်ကျော်သွား လာပြီး ပြန်လာသူတွေကိုသာ သက်ဆိုင်ရာနယ်မြေက သတ်မှတ်နေရာတွေမှာ Quarantine (၂၁)ရက်ထား ပြီးမှ သူတို့ရဲ့နေအိမ်တွေမှာ နေထိုင်စေဖို့ ဒါမျိုးသဘော သက်ရောက်တဲ့ ညွှန်ကြားချက် ထုတ်ပြန်သွားဖို့ ရှိပါတယ်”ဟု မကွေးတိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ် ကျေးရွာအချို့တွင် COVID-19 ကာကွယ်နိုင်ရန်အတွက် ရွာအတွင်းကလူ ရွာပြင် မထွက်ရ၊ ရွာပြင်ရောက်ရှိသူများ ရွာအတွင်းမဝင်ရ ဟု မိမိသဘောဖြင့် မိမိသတ်မှတ်ကြကာ ဝင် ထွက်သွားလာခွင့် ပိတ်ပင်မှုများရှိနေသဖြင့် အခြေအတင် ပြဿနာ ဖြစ်ပွားမှုများရှိနေပြီး ရွာအတွင်းရှိသူအ ချို့မှာလည်း စားသောက်ဖွယ်ရာ ဝယ်ယူရန်ပင် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဗိုလ်ကြိမ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~