ကျောက်မဲမြို့နယ်ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် လိုက်နာမှုရှိ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး

ကျောက်မဲမြို့နယ်ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် လိုက်နာမှုရှိ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး
စက်တင်ဘာ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် လိုက်နာမှုရှိ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့မှ အစားအသောက်ရောင်းချသည့်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားမှုအား လိုက်နာမှုအခြေအနေကို စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးသည်။
“လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို Take Away (ပါဆယ်) စနစ်နဲ့ပဲ ရောင်းချရမယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားတာကို ကျောက်မဲမှာလည်း စက်တင်ဘာလ (၂၄) ရက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးထားပါတယ်။ အဲဒါကို လိုက်နာမှု ရှိမရှိ ဒီနေ့မှာ အဖွဲ့စုံနဲ့ လိုက်ပြီးစစ်ဆေးတာပါ။ စည်းကမ်းချက်နဲ့ ပြည့်စုံတဲ့ ဆိုင်တွေရှိသလို လိုအပ်ချက်ရှိတဲ့ ဆိုင်တွေကိုလည်း ဖြည့်စွက်မှာကြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရှောင်တခင်ထပ်ပြီးစစ်ဆေးလို့ စည်းကမ်းဖေါက်ဖျက်တာတွေ့ရင် သတ်မှတ်ထားတဲ့ အဆင့်ဆင့်အတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး  ပါဆယ်စနစ်ဖြင့် ရောင်းချရန် ကြေညာပြီးနောက် ပထမဆုံး စတင်စစ်ဆေးသည့် စက်တင်ဘာလ (၂၅)ရက်နေ့၌ ညွှန်ကြားချက်များအား သိရှိကြောင်း ဆိုင်ရှင်များအနေဖြင့် လက်မှတ်ရေးထိုးထားစေကြောင်း သိရသည်။
စားသောက်ဆိုင်များအနေဖြင့် ညွှန်ကြားချက်အားလိုက်နာမှုအခြေအနေကို ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~