ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး
အောက်တိုဘာ 23, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင်   Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရန်ကုန်မှပြန်လာ၍ ပညာရေးကောလိပ် quarantine center ၌ အသွားအလာ ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှ အမျိုးသမီး (၁) ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာ၍ ကယားပြည်နယ်တွင် အတည်ပြုလူနာ (၂)ဦး ရှိလာပြီဖြစ်သည်။
ထပ်တိုးလာသည့် အတည်ပြုလူနာအမျိုးသမီးမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်း၌ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာလ (၁၄)ရက်နေ့က ပြန်လာ၍ quarantine center ၌ အသွားအလာ ကန့်သတ်ထားခြင်းဖြစ်သည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာကို အောက်တိုဘာလ (၁၅)ရက်နေ့၌ တွေ့ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အတည်ပြုလူနာမှာလည်း ရန်ကုန်မှပြန်လာ၍ လွိုင်ကော်ပညာရေးကောလိပ်ရှိ quarantine center တွင် ထားရှိကာ ဓာတ်ခွဲနမူနာစစ်ဆေးရာမှ တွေ့ခဲ့ရခြင်းဖြစ်သည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် အောက်တိုဘာလ (၂၃) ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့မှ ဓာတ်ခွဲနမူနာ (၄၅၉)ခုအား စစ်ဆေးခဲ့ရာ ကယားပြည်နယ်မှ အတည်ပြုလူနာ (၁)ဦးကို တွေ့ရခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~