တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ တစ်နေ့တည်း (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ တစ်နေ့တည်း (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့  တစ်နေ့တည်း (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့က အတည်ပြုလူနာ အမျိုးသမီး (၁)ဦး ထပ်တိုးသဖြင့် တစ်နေ့အတွင်း အတည်ပြုလူနာ (၁၀) ဦးထပ်တိုးလာခြင်းဖြစ်သည်။
"ဒီနေ့ ညနေ (၄)နာရီကျော်မှာ ထပ်စစ်တဲ့ အမျိုးသမီးတစ်ယောက်က positive ဖြစ်တယ်။ ဒီနေ့ positive (၁၀) ယောက်ထွက်တယ်။"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
(၁၀)ဦးမြောက်အဖြစ် တွေ့ရသည့် အမျိုးသမီးမှာ မိုင်းဖုန်း(က)ကျေးရွာအုပ်စုက ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ (၂၉)ရက်နေ့၌ အတည်ပြုလူနာနှင့်ဆက်စပ်သည်ဟု သံသယရှိ၍ လာရောက်စစ်ဆေးသူများအနက် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂) ဦး စုစုပေါင်း (၉)ဦးတွင် COVID 19 ပိုးတွေ့ရပြီး ရန်ကုန်မှပြန်လာသည့် ယာဉ်မောင်း အမျိုးသား(၁)ဦးတွင်လည်း ပိုးတွေ့ရခြင်းဖြစ်သည်။
တာချီလိတ်ပြည်သူ့ဆေးရုံ၌ လက်ရှိအချိန်ထိ ကုသပေးနေသည့် အတည်ပြုလူနာ စုစုပေါင်း (၂၂)ဦး ရှိသွားပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~