တာချီလိတ်နှင့် ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၄)ဦးနှင့် အတည်ပြုလူနာ (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများ ရန်ကုန်ပို့စစ်ထား

တာချီလိတ်နှင့် ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၄)ဦးနှင့် အတည်ပြုလူနာ (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများ ရန်ကုန်ပို့စစ်ထား
မေ 12, 2020
By Tachileik News Agency
တာချီလိတ်နှင့် ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၄)ဦးနှင့် အတည်ပြုလူနာ (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့စစ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၄)ဦးနှင့် ကုသမှုခံယူနေသည့် လူနာ (၂) ဦးတို့၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထားကြောင်း သိရသည်။

ဒီနေ့ပို့လိုက်တဲ့ ဓါတ်ခွဲနမူနာတွေရဲ့အဖြေက မနက်ဖြန်လောက်တော့ ပါနိုင်ဖွယ်ရှိပါတယ်။ အခု ဆေးရုံက လူနာ (၂)ယောက်အခြေအနေကလည်း ကောင်းနေပါတယ်။ ဆေးရုံမှာ Quarantine ဝင်နေတဲ့ တစ်ယောက်ကလည်း အခြေအနေအားလုံး ကောင်းနေပါတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် မေလ (၉)ရက်နေ့က သတ်မှတ်ကုသပေးနေသည့် အသက် (၂၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေသည့် အသက် (၁၆)နှစ်အရွယ် အမျိုးသမီး၊ အသက် (၂၁)နှစ်အရွယ် အမျိုးသမီးနှင့် အသက် (၅၉)နှစ်အရွယ် အမျိုးသားတို့၏ ဓါတ်ခွဲနမူနာများကို ဓါတ်ခွဲခန်းပို့စစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ (၂)ဦးဖြစ်သည့် Case (64) ကို (၅)ကြိမ်မြောက်အဖြစ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းဖြစ်ပြီး Case (112) ကို (၄)ကြိမ်မြောက်အဖြစ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အတည်ပြုလူနာ (၃)ဦးရှိခဲ့သည့်အနက် Case (96) မှာ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ (၂)ကြိမ်ရပြီးဖြစ်၍ မေလ (၅)ရက်နေ့ကတည်းက ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်မှုခံယူနေခြင်းဖြစ်သည်။

ကျန်လူနာ(၂)ဦးအနက် Case (64) မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်တွင် ပိုးပြန်တွေ့ထားရကာ Case 112 မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~