မိုင်းဆတ်မြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူ(၂၄)ဦးအား Mask (၁၀)ဝယ်ယူစေသည့်ပြစ်ဒဏ်ပေး

မိုင်းဆတ်မြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူ(၂၄)ဦးအား Mask (၁၀)ဝယ်ယူစေသည့်ပြစ်ဒဏ်ပေး
မေ 17, 2020
By 🌸
မိုင်းဆတ်မြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူ(၂၄)ဦးအား Mask (၁၀)ဝယ်ယူစေသည့်ပြစ်ဒဏ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နေအိမ်ပြင်ပထွက်သွားလာရာတွင် Mask တပ်ဆင်သွား လာခြင်းမရှိသူ(၂၄)ဦးအား ၂၀၂၀ ခုနှစ်၊ မေလ (၁၇)ရက်နေ့ နံနက်ပိုင်းက Mask (၁၀)ခုစီ ဝယ်ယူစေသည့် ပြစ်ဒဏ်ပေးထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  အပြင်သွားလာပါက Mask တပ်ဆင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီးနောက် စစ်ဆေးသည့်အဖွဲ့က မြို့မဈေးရှေ့တွင် စစ်ဆေးစဉ် Mask တပ်ဆင်သွားလာခြင်းမရှိသူ (၂၄)ဦးအား တွေ့ရသဖြင့် ဒဏ်ပေးသည့်အနေဖြင့် Mask (၁၀)ခုဝယ်ယူစေပြီး (၅)ခုအား မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းစေပြီး ကျန်(၅)ခုအနက် တစ်ခုကိုချက်ချင်း တပ်ဆင်စေပြီးမှသာ လိုရာခရီးသို့ ဆက်သွားခွင့်ပြုခဲ့သည်။

မိုင်းဆတ်မြို့တွင် နေအိမ်ပြင်ပထွက်သွားလာသူများ Mask တပ်ဆင်သွားလာရေး မြို့တွင်းလှည့်လည်ကြေညာခြင်းနှင့် မြို့မဈေးရှေ့တွင် နေ့စဉ်စစ်ဆေးအသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့သော်လည်း  လိုက်နာမှုအားနည်းနေဆဲဖြစ်သည်။

Mask တပ်ဆင်သွားလာစေရေးအတွက် အဖွဲ့ဖြင့် လှည့်လည်စစ်ဆေးခြင်းကို လုပ်ဆောင်မည်ဖြစ်ပြီး Mask တပ်ဆင်ထားခြင်းမရှိသူများအား Mask (၁၀)ခုဝယ်ယူစေပြီး (၅)ခုကို မြို့နယ်COVID-19 ကော်မတီသို့ လှူ ဒါန်းစေခြင်းနှင့် Mask ဝယ်ယူခြင်းမရှိသူများအား အချုပ်ကားပေါ်တွင် နာရီပိုင်းချုပ်နှောင်သည့် ပြစ်ဒဏ်ပေး ခြင်းတို့ဆောင်ရွက်ရန် မေလ (၁၅) ရက်နေ့က ကျင်းပသည့် ခရိုင် COVID-19 အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~