တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ
မေ 3, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း ဝမ်မိုင်ရွာတွင် ၂၀၂၀ ခုနှစ်၊ မေလ (၂)ရက်နေ့ ညပိုင်းက နေအိမ်တိုက်ခန်း၌ ရပ်ထားသည့်ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရကြောင်း သိရသည်။

“ဝမ်မိုင်ရွာ နော်ရှဲလားဟူတိုက်ခန်းမှာပါ။ ကျွန်တော်တို့က အိမ်ခန်းငှားနေတာ။ အောက်ထပ်မှာ ရပ်ထားတဲ့ဆိုင်ကယ်ကို  သော့အပိုပါခတ်ထားတာကို သော့အပိုပါဖျက်ပြီး ခိုးသွားတာ။ မနက်လင်းမှ သိလိုက်ရတာ။ ဆိုင်ကယ်က ဘယ်ဘက်မီးသီး မှန်နည်းနည်းကွဲနေပါတယ်။ တွေ့ရင် ကျွန်တော့်ကို အကြောင်းကြားပေးကြပါ”ဟု ဆိုင်ကယ်ပျောက်ဆုံးသွားသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခိုးယူခံရသည့် ဆိုင်ကယ်မှာ Honda Wave 125 I အမျိုးအစား အနီနှင့် အနက်ရောင်ဆိုင်ကယ်ဖြစ်ပြီး 2019 မော်ဒယ် အင်ဂျင်နံပါတ် JA 21 E 3088766 ဖြစ်ရာ တွေ့ရှိသူများအနေဖြင့် ဖုန်း 09 453735365 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးပါက ယာဉ်လိုင်စင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရဲစခန်းတွင် လာရောက်တိုင်ကြားကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး ယခု ဆိုင်ကယ်ပျောက်ဆုံးမှုကို တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်းသိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~