ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် USDP ပါတီမှ ကိုယ်စားလှယ် (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် USDP ပါတီမှ ကိုယ်စားလှယ် (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 14, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် USDP ပါတီမှ ကိုယ်စားလှယ် (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က  ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း  ကိုယ်စားလှယ်လောင်း (၃၀)ဦး ဝင်‌ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်  အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် (၂)ဦး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၁၀)ဦး နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၁၈)ဦး စုစုပေါင်း (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က  ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာမဲဆန္ဒနယ်(၄)နေရာ အပါအဝင် ကိုယ်စားလှယ်လောင်း (၁၅၁)ဦး ဝင်‌ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~