တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၈)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူ  (၆၁)ဦး ထပ်တွေ့

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၈)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူ  (၆၁)ဦး ထပ်တွေ့
သြဂုတ် 18, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၈)ရက်နေ့ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၆၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ရသူ (၆၁)ဦးမှာ အမျိုးသား(၃၁)ဦး နှင့် အမျိုးသမီး (၃၀)ဦးတို့ ပါဝင်ပြီး (၆၁)ဦးအနက် (၉)ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

ပို့တွေ့ရသူများအနက် အများဆုံးအဖြစ် မယ်ယန်းမှ (၁၅)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ (၈)ဦး၊ ရန်အောင်မြေရပ်ကွက်မှ (၇)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၁၀၀)ကျော်အထိ ရှိနေပြီး သေဆုံးသူမှာလည်း အနည်းဆုံး (၄၅)ဦးအထက် ရှိနေကာ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၁၀၀၀)ကျော်အထိ ရှိကြောင်း သိရသည်။