နမ့်ဆန်မြို့နယ်ရှိ မန်လုံရွာဘုန်းတော်ကြီးကျောင်းဝန်းတွင် ဓမ္မာရုံ မီးလောင်မှု ဖြစ်ပွား

နမ့်ဆန်မြို့နယ်ရှိ မန်လုံရွာဘုန်းတော်ကြီးကျောင်းဝန်းတွင် ဓမ္မာရုံ မီးလောင်မှု ဖြစ်ပွား
ဒီဇငျဘာ 8, 2018
By Tachileik News Agency





မန်လုံကျေးရွာသည် လက်နက်ကိုင်တပ်ဖွဲ့များ စိုးမိုးသည့်နယ်မြေဖြစ်ပြီး မီးလောင်သည့်အဆောက်အဦမှာ သာသနိကအဆောက်အဦဖြစ်သည့်အတွက် အမှုဖွင့်ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက်(၂)နာရီဝန်းကျင်က ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံမီးလောင်ကျွမ်းခြင်းမှာ ဝါယာရှော့ကြောင့် ဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာအုပ်စု၊ မန်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ၏ မျက်နှာကျက် အထပ်သားများတွင် သွယ်တန်းထားသည့် ဝါယာကြိုးများ ဆွေးမြေ့ပေါက်ပြဲပြီး ဝါယာရှော့ဖြစ်ရာမှ စတင် လောင်ကျွမ်းသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုအား နမ့်ဆန်မီးသတ်ဦးစီးဌာနသို့ နံနက်(၂)နာရီခွဲဝန်းကျင်တွင် ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ငြှိမ်းသတ်ရာ နံနက်(၄)ဝန်းကျင်တွင် မီးလောင်နေရာသို့ မီးသတ်ကားများရောက်ရှိပြီး နံနက်(၄)နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ( ၃၈×၁၈×၁၈ ) ပေ၊ သွပ်မိုး၊ အုပ်ညှပ်၊ ကွန်ကရစ် (၂)ထပ် အဆောက်အဦးတစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မန်လုံကျေးရွာသည် လက်နက်ကိုင်တပ်ဖွဲ့များ စိုးမိုးသည့်နယ်မြဖြေစ်ပြီး မီးလောင်သည့်အဆောက်အဦမှာ သာသနိကအဆောက်အဦဖြစ်သည့်အတွက် အမှုဖွင့်ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ​ကျောက်​မဲခရိုင်​မီးသတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~