ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳနယ္ မိုင္းတြမ္းတြင္ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေဆာင္ရြက္စဥ္ ဘိန္းျဖဴ (၂၃)ကီလိုေက်ာ္ သိမ္းဆည္းရမိ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳနယ္ မိုင္းတြမ္းတြင္ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေဆာင္ရြက္စဥ္ ဘိန္းျဖဴ (၂၃)ကီလိုေက်ာ္ သိမ္းဆည္းရမိ
ဇူလိုင် 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စုတြင္ တပ္မေတာ္က ဘိန္းျဖဴ(၂၃)ကီလိုေက်ာ္ သိမ္းဆည္းရမိ၍ မူးယစ္တပ္ရဲတပ္ဖြဲ႔ထံ အပ္ႏွံေပးထားေၾကာင္း သိရသည္။

တပ္မေတာ္မွ မိုင္းဆတ္ၿမိဳ႕နယ္အတြင္း၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စုအတြင္း ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ နံနက္(၁၁)နာရီေက်ာ္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္   ေက်းရြာအုပ္စုအတြင္း နမ့္ခမ္းေက်းရြာရွိ ဦးလီခယ္ ႏွင့္ ေဒၚမီျပတို႔၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရွာေဖြရာက ပီနံအိတ္မ်ားျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ စုစုေပါင္း (၂၃.၇၆)ကီလိုအား ေတြ႔ရွိသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္မွ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၅၈)ႏွစ္အရြယ္ရွိ ေဒၚမီျပ ဆိုသူအား မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္သို႔ လႊဲေျပာင္းေပးလိုက္ၿပီးေနာက္ မိုင္းတြမ္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုတွင် တပ်မတော်က ဘိန်းဖြူ(၂၃)ကီလိုကျော် သိမ်းဆည်းရမိ၍ မူးယစ်တပ်ရဲတပ်ဖွဲ့ထံ အပ်နှံပေးထားကြောင်း သိရသည်။

တပ်မတော်မှ မိုင်းဆတ်မြို့နယ်အတွင်း၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီကျော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအုပ်စုအတွင်း နမ့်ခမ်းကျေးရွာရှိ ဦးလီခယ် နှင့် ဒေါ်မီပြတို့၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာက ပီနံအိတ်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ စုစုပေါင်း (၂၃.၇၆)ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၈)နှစ်အရွယ်ရှိ ဒေါ်မီပြ ဆိုသူအား မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် မိုင်းတွမ်နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net