က်ဳိင္းတံုတြင္ ျပဳလုပ္ေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွ ရလဒ္ေကာင္းမ်ား ထြက္ေပၚလာေရးအတြက္ လားရႈိးၿမိဳ႕မွ ဆုေတာင္းေမတၱာပို႔

က်ဳိင္းတံုတြင္ ျပဳလုပ္ေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွ ရလဒ္ေကာင္းမ်ား ထြက္ေပၚလာေရးအတြက္ လားရႈိးၿမိဳ႕မွ ဆုေတာင္းေမတၱာပို႔
သြဂုတ် 31, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕၌ ျပဳလုပ္ေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႔တို႔၏ ေဆြးေႏြးပြဲတြင္ ရလဒ္ေကာင္းမ်ားထြက္ေပၚလာေရးအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ အရမ္ဖက္အဖြဲ႔အစည္းမ်ား စုေပါင္းၿပီး ဆုေတာင္ေမတၱာပို႔သမႈအျဖစ္ လားရႈိးၿမိဳ႕ရွိ သာသနာ ၂၅၀၀ ေစတီ၀န္းတြင္ ၾသဂုတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"ဒီေန႔ ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ေအာင္ျမင္ေစခ်င္တယ္၊ ရလဒ္ေကာင္းေလးေတြ ရေစခ်င္တယ္၊ အဓိကက ေဆြးေႏြးသူေတြအားလံုးက ျပည္သူလူထုအေပၚမွာေမတၱာ ေစတနာထားၿပီးေတာ့ ကာကြယ္ေစာင့္ ေရွာက္ခ်င္တဲ့ေစတနာေတြနဲ႔ ေဆြးေႏြးေစခ်င္တယ္၊ ျပည္သူေတြ အသက္ရွင္ရပ္တည္ေရးအတြက္ ေၾကာက္လန္႔ ေနရတာေတြ၊ ေျပးလႊားေနရတာေတြ၊ ရုန္းကန္ေနရတာေတြကို စိတ္မေကာင္းျခင္းၾကီးစြာ ျဖစ္ရတဲ့ အတြက္ ဒါေတြကိုညွာတာၿပီးေတာ့ အပစ္အခတ္ရပ္စဲေရးအတြက္ ေဆြးေႏြးေပးၾကပါ လို႔ ဆုေတာင္း တိုက္တြန္း လိုတာျဖစ္ပါတယ္ " ဟု ဆုေတာင္းေမတၱာပို႔သပြဲအား ဦးစီးေဆာင္ရြက္သည့္ လားရိႈးၿမိဳ႕ရွိ (CSO - ၿငိမ္းခ်မ္းေရး ဖိုရမ္ က်င္းပေရး ေကာ္မတီ)မွ မနန္းနစပယ္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

 
အဆိုပါ ဆုေတာင္းေမတၱာပို႔သသည့္ အစီအစဥ္အား လားရိႈးၿမိဳ႕ရွိ ၿငိမ္းခ်မ္းေရးဖိုရမ္က်င္းပေရး ေကာ္မတီမွ ေကာ္မတီဝင္မ်ားက သက္ဆိုင္ရာသို႔ အသိေပးတင္ျပကာ ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕ရွိ အရပ္သားျပည္သူအခ်ိဳ႕ႏွင့္ ၿငိမ္းခ်မ္းေရး ဖုိရမ္ က်င္းပေရးေကာ္မတီဝင္မ်ားအပါအဝင္ လူဦးေရ (၅၀)၀န္းက်င္  ပါဝင္ဆုေတာင္းခဲ့ျခင္းျဖစ္သည္။

ဆုေတာင္းေမတၱာပို႔သပြဲ ျပဳလုပ္ေနသည့္ အခ်ိန္ျဖစ္သည့္ နံနက္ (၈)နာရီ (၃၀)မွ နံနက္ (၉)နာရီခန္႔တို႔တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ရွိ အမွတ္(၈)ရပ္ကြက္အနီးတြင္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔မ်ား ႏွင့္ တပ္မေတာ္တို႔အၾကား ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည့္အတြက္ ကြတ္ခိုင္ၿမိဳ႕တြင္ လူသြားလူလာ ေျခာက္ကပ္ကာ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္း နံနက္ ၁၁ နာရီဝန္းက်င္အထိ ရွိေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕တြင္ေနထိုင္သူအခ်ိဳ႕ထံက သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္း ၂၀၁၉ခုႏွစ္ ၾသဂုတ္လ (၁၅)ရက္ေန႔က စတင္တိုက္ခိုက္ခဲ့သည့္ မဟာမိတ္တပ္ဖြဲ႔မ်ား၏ ပစ္ခတ္တိုက္ခိုက္ ဖ်က္ဆီးမႈမ်ားေၾကာင့္ လမ္း၊ တံတားမ်ား ပ်က္ဆီးခဲ့ရသည့္အျပင္ အရပ္သားေသဆံုးမႈမ်ားႏွင့္ ျပည္ေထာင္စုလမ္းမႀကီးေပၚသြားလာေနသည့္ ကုန္တင္ယာဥ္၊ ခရီးသည္တင္ယာဥ္၊အိမ္စီးကားငယ္၊ ဆိုင္ကယ္မ်ားကို မီးရိႈ႕ခံရမႈမ်ားလဲ ဆက္တိုက္ျဖစ္ပြားလ်က္ရွိသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ဳိင္းတံုၿမိဳ႕တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္ မဟာမိတ္ (၄)ဖြဲ႕တုိ႔မွ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔ နံနက္(၁၀)နာရီကစ၍   တံခါးပိတ္ ေဆြးေႏြးပြဲ ျပဳလုပ္ေနလ်က္ရွိသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု -  လမင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့၏ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများထွက်ပေါ်လာရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အရမ်ဖက်အဖွဲ့အစည်းများ စုပေါင်းပြီး ဆုတောင်မေတ္တာပို့သမှုအဖြစ် လားရှိုးမြို့ရှိ သာသနာ ၂၅၀၀ စေတီဝန်းတွင် သြဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောင်မြင်စေချင်တယ်၊ ရလဒ်ကောင်းလေးတွေ ရစေချင်တယ်၊ အဓိကက ဆွေးနွေးသူတွေအားလုံးက ပြည်သူလူထုအပေါ်မှာမေတ္တာ စေတနာထားပြီးတော့ ကာကွယ်စောင့် ရှောက်ချင်တဲ့စေတနာတွေနဲ့ ဆွေးနွေးစေချင်တယ်၊ ပြည်သူတွေ အသက်ရှင်ရပ်တည်ရေးအတွက် ကြောက်လန့် နေရတာတွေ၊ ပြေးလွှားနေရတာတွေ၊ ရုန်းကန်နေရတာတွေကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရတဲ့ အတွက် ဒါတွေကိုညှာတာပြီးတော့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပေးကြပါ လို့ ဆုတောင်း တိုက်တွန်း လိုတာဖြစ်ပါတယ် " ဟု ဆုတောင်းမေတ္တာပို့သပွဲအား ဦးစီးဆောင်ရွက်သည့် လားရှိုးမြို့ရှိ (CSO - ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပရေး ကော်မတီ)မှ မနန်းနစပယ် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ဆုတောင်းမေတ္တာပို့သသည့် အစီအစဉ်အား လားရှိုးမြို့ရှိ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ကော်မတီမှ ကော်မတီဝင်များက သက်ဆိုင်ရာသို့ အသိပေးတင်ပြကာ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အရပ်သားပြည်သူအချို့နှင့် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပရေးကော်မတီဝင်များအပါအဝင် လူဦးရေ (၅၀)ဝန်းကျင် ပါဝင်ဆုတောင်းခဲ့ခြင်းဖြစ်သည်။

ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်နေသည့် အချိန်ဖြစ်သည့် နံနက် (၈)နာရီ (၃၀)မှ နံနက် (၉)နာရီခန့်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ အမှတ်(၈)ရပ်ကွက်အနီးတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ နှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် ကွတ်ခိုင်မြို့တွင် လူသွားလူလာ ခြောက်ကပ်ကာ အပြန်အလှန်ပစ်ခတ်မှုများလည်း နံနက် ၁၁ နာရီဝန်းကျင်အထိ ရှိနေကြောင်း ကွတ်ခိုင်မြို့တွင်နေထိုင်သူအချို့ထံက သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ၂၀၁၉ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် လမ်း၊ တံတားများ ပျက်ဆီးခဲ့ရသည့်အပြင် အရပ်သားသေဆုံးမှုများနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်သွားလာနေသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊အိမ်စီးကားငယ်၊ ဆိုင်ကယ်များကို မီးရှို့ခံရမှုများလဲ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၄)ဖွဲ့တို့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီကစ၍ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်နေလျက်ရှိသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လမင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net