ကျောက်မဲမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသား(၂)ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် လိုက်ပစ်ခတ်၍ ဒဏ်ရာရ

ကျောက်မဲမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသား(၂)ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် လိုက်ပစ်ခတ်၍ ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မေလ(၂၁)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်သားများက လိုက်လံပစ်ခတ်မှုကြောင့် အလုပ်မှန် ပြန်လာသည့် အမျိုးသား(၂)ဦး သေနတ်မှတ် ဒဏ်ရာများရရှိသွားပြီး တစ်ဦးကို ယနေ့ မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက ဆေးရုံသို့ ပို့ဆောင်ထားလိုက်ရကြောင်း သိရသည်။

 

မေလ(၂၁)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က အလုပ်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား(၂)ဦးသည် ကျောက်မဲမြို့ ပင်လုံလမ်းမကြီး နှင့် မီးသတ်ကုန်းဆင်းနေရာအရောက်တွင် စစ်ကောင်စီတပ်မှ ကားဖြင့် လိုက်၍ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ရမှ ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ပစ်ခတ်ခံရသူနှစ်ဦးလုံး သေနတ်မှန်ဒဏ်ရာများရရှိထားပြီး လက်ဖျံနှင့် ကျောကုန်းတို့၌ ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ တစ်ဦးကို လူမှုကူညီရေးအသင်းတစ်သင်းက ယနေ့ မေလ(၂၂)ရက် နံနက်(၉)နာရီဝန်းကျင်အချိန်က ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။ 

ဒဏ်ရာရသူ ကျန်တစ်ဦးမှာ ကျည်ဆံကို မိမိဘာသာ ထုတ်ယူခဲ့ပြီး နေအိမ်၌သာ ကုသနေကြောင်း နှင့် ဒဏ်ရာရသူ အမျိုးသာ(၂)ဦးသည် မိတ္ထီလာမြို့ ရေဝင်ကျေးရွာဒေသခံများဖြစ်ပြီး ကျောက်မဲမြို့တွင် အလုပ်လာလုပ်နေကြသူများဖြစ်သည်။

ကျောက်မဲမြို့တွင် ညစဉ် ညတိုင်း စစ်သားများနှင့် ရဲတပ်ဖွဲ့က လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ အချို့ညများတွင် ကားများဖြင့် လိုက်လံပစ်ခတ်မှု ဖမ်းဆီးမှုများလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

#TachileikNewsAgency