စစ်ကောင်စီတပ်စခန်း နှစ်ခုကို MNDAA ယနေ့ သိမ်းပိုက်

စစ်ကောင်စီတပ်စခန်း နှစ်ခုကို MNDAA ယနေ့ သိမ်းပိုက်
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင် တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းနှစ်ခုကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းက MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းကလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ကိုးကန့်ခရိုင် တုန်းရှမ်း‌ဒေသ မန်တုံပရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား သေပြီး စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးကြေညာပြီးနောက် (၆)ရက်အတွင်း တပ်စခန်း(၉၀)ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကာ မြို့ (၃)မြို့ကိုလည်း ထိန်းချုပ်ထားသည်။

#TachileikNewsAgency