တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ အဆိပ္ရည္ေသာက္ကာ ေသေၾကာင္းၾကံသည့္ မိသားစု(၆)ဦး အနက္ (၄)ဦး ေသဆံုး

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ အဆိပ္ရည္ေသာက္ကာ ေသေၾကာင္းၾကံသည့္ မိသားစု(၆)ဦး အနက္ (၄)ဦး ေသဆံုး
စက်တင်ဘာ 13, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ရွိ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္တြင္ အဆိပ္ေသာက္ကာ ေသေၾကာင္းႀကံသည့္ မိသားစု(၆)ဦးအနက္  (၄)ဦး ေသဆံုးမႈ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔အကူးတြင္ ျဖစ္ပြားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕၊ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္အတြင္းရွိ ဦးအားျမႇာေနအိမ္တြင္ မိသားစု(၄)ဦး အဆိပ္ေသာက္ေသဆံုးေၾကာင္း သတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ရပ္ကြက္တာ၀န္ရွိသူမ်ားမွ သြားေရာက္ၾကည့္ရႈ စစ္ေဆးရာ ေနအိမ္အတြင္း၌ အသက္(၄၆)ႏွစ္ရွိ ဦးအားျမႇာ၊ အသက္(၄၈)ႏွစ္ရွိ ေဒၚအီနား၊ အသက္(၁၅)ႏွစ္ရွိ ေမာင္ေထာေမႏွင့္  အသက္(၈)ႏွစ္ရွိ ေမာင္ေနလင္းထြန္းတို႔ (၄)ဦးမွာ ႏွာေခါင္းႏွင့္ပါးစပ္မ်ားတြင္ အျမႇဳပ္ ႏွင့္ ေသြးမ်ားထြက္၍ ေသဆံုးေနသည္ကို ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ မိသားစု(၆)ရွိရာ (၆)ဦးလံုးမွာ အဆိပ္ရည္မ်ားေသာက္ေသာ္လည္း (၄)ဦးသာ ေသဆံုးၿပီး  အသက္(၁၃)ႏွစ္ရွိ မေနာမိႏွင့္  အသက္(၉)ႏွစ္ရွိ ေမာင္ဆီလွတို႔မွ  မစိုးရိမ္ရေၾကာင္း သိရသည္။

“က်န္တဲ့ လူနာႏွစ္ေယာက္ကေတာ့ အေျခအေနေကာင္းပါတယ္။ စိုးရိမ္စရာ မရိွပါဘူး”ဟု မုိင္းျဖတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ျမတ္မိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ(၁၂)ရက္ေန႔ ည(၉)နာရီ ၀န္းက်င္အခ်ိန္က မိဘႏွစ္ဦးျဖစ္သူ ဦးအားျမႇာ ႏွင့္ ေဒၚအီနားတို႔သည္ အဆိပ္ပင္၏ အျမစ္ႏွင့္အရြက္တို႔အား ေရေႏြးခရားအိုးျဖင့္ က်ဳိခ်က္ၿပီး သားသမီး (၄)ဦးအား ဦးစြာတိုက္ေကြ်းၿပီးေနာက္ ၎တို႔ (၂)ဦးမွာ ေနာက္ဆံုးမွ ေသာက္ကာ အိပ္ယာ၀င္ခဲ့ေၾကာင္း၊ သားသမီး (၄)ဦးတြင္  အသက္(၁၃)ႏွစ္ရွိ မေနာမိႏွင့္  အသက္(၉)ႏွစ္ရွိ ေမာင္ဆီလွတို႔မွာ ခဏအၾကာတြင္ ေအာ့အန္ၿပီး ျပန္အိပ္ခဲ့ေၾကာင္း ႏွင့္  ေအာအန္သည့္ ကေလးႏွစ္ဦးသည္ နံနက္(၇)နာရီ၀န္းက်င္တြင္ အိပ္ယာမွ ႏိုး၍ ေဘးသို႔ၾကည့္လိုက္ရာ  မိဘမ်ားအပါအ၀င္ (၄)ဦးမွာ ေသဆံုးေနသည္ကို ေတြ႔ရ၍ ေဘးအိမ္သို႔ သြားေရာက္ အသိေပးေျပာၾကားျဖစ္ေၾကာင္း သိရသည္။

အသက္မေသဘဲ က်န္ရွိသည့္ မေနာမိ၏ ေျပာျပခ်က္အရ ၎၏ မိဘမ်ားမွာ စား၀တ္ေနေရး အဆင္မေျပသည့္ ကိစၥႏွင့္ ပတ္သက္၍ မၾကာခဏ ညည္းတြားသည္ကို ၾကားသိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး  ဥပေဒအရ မိုင္းျဖတ္ၿမိဳ႕ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၄/၂၀၁၉ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် အဆိပ်သောက်ကာ သေကြောင်းကြံသည့် မိသားစု(၆)ဦးအနက် (၄)ဦး သေဆုံးမှု ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့အကူးတွင် ဖြစ်ပွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်အတွင်းရှိ ဦးအားမြှာနေအိမ်တွင် မိသားစု(၄)ဦး အဆိပ်သောက်သေဆုံးကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ နေအိမ်အတွင်း၌ အသက်(၄၆)နှစ်ရှိ ဦးအားမြှာ၊ အသက်(၄၈)နှစ်ရှိ ဒေါ်အီနား၊ အသက်(၁၅)နှစ်ရှိ မောင်ထောမေနှင့် အသက်(၈)နှစ်ရှိ မောင်နေလင်းထွန်းတို့ (၄)ဦးမှာ နှာခေါင်းနှင့်ပါးစပ်များတွင် အမြှုပ် နှင့် သွေးများထွက်၍ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် မိသားစု(၆)ရှိရာ (၆)ဦးလုံးမှာ အဆိပ်ရည်များသောက်သော်လည်း (၄)ဦးသာ သေဆုံးပြီး အသက်(၁၃)နှစ်ရှိ မနောမိနှင့် အသက်(၉)နှစ်ရှိ မောင်ဆီလှတို့မှ မစိုးရိမ်ရကြောင်း သိရသည်။

“ကျန်တဲ့ လူနာနှစ်ယောက်ကတော့ အခြေအနေကောင်းပါတယ်။ စိုးရိမ်စရာ မရှိပါဘူး”ဟု မိုင်းဖြတ်မြို့မစခန်းမှူး ဒုရဲမှူး မြတ်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ(၁၂)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က မိဘနှစ်ဦးဖြစ်သူ ဦးအားမြှာ နှင့် ဒေါ်အီနားတို့သည် အဆိပ်ပင်၏ အမြစ်နှင့်အရွက်တို့အား ရေနွေးခရားအိုးဖြင့် ကျိုချက်ပြီး သားသမီး (၄)ဦးအား ဦးစွာတိုက်ကျွေးပြီးနောက်၎င်းတို့ (၂)ဦးမှာ နောက်ဆုံးမှ သောက်ကာ အိပ်ယာဝင်ခဲ့ကြောင်း၊ သားသမီး (၄)ဦးတွင် အသက်(၁၃)နှစ်ရှိ မနောမိနှင့် အသက်(၉)နှစ်ရှိ မောင်ဆီလှတို့မှာ ခဏအကြာတွင် အော့အန်ပြီး ပြန်အိပ်ခဲ့ကြောင်း နှင့် အောအန်သည့် ကလေးနှစ်ဦးသည် နံနက်(၇)နာရီဝန်းကျင်တွင် အိပ်ယာမှ နိုး၍ ဘေးသို့ကြည့်လိုက်ရာ မိဘများအပါအဝင် (၄)ဦးမှာ သေဆုံးနေသည်ကို တွေ့ရ၍ ဘေးအိမ်သို့ သွားရောက် အသိပေးပြောကြားဖြစ်ကြောင်း သိရသည်။

အသက်မသေဘဲ ကျန်ရှိသည့် မနောမိ၏ ပြောပြချက်အရ၎င်း၏ မိဘများမှာ စားဝတ်နေရေး အဆင်မပြေသည့် ကိစ္စနှင့် ပတ်သက်၍ မကြာခဏ ညည်းတွားသည်ကို ကြားသိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး ဥပဒေအရ မိုင်းဖြတ်မြို့ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၉ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net