တောင်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဓါတုဗုံးအသုံးပြု

တောင်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဓါတုဗုံးအသုံးပြု
ဧပြီ 21, 2025 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် ၂၀၂၅ ခုနှစ် ဧပြီလ (၂၁)ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဓါတုဗုံးအသုံးပြုသည်ဟု DPLF က သတင်းထုတ်ပြန်သည်။

ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံး (၄)လုံး ကြဲချတိုက်ခိုက်မှုအပြီးတွင် အငွေ့များရှူမိသူများ မူးဝေအော့အန်ခြင်း၊ သွေးပေါင်ကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း DPLA(ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်)က ဆိုသည်။

စစ်ကောင်စီသည် ငလျင်ဘေးကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် ကာလအတွင်းမှာပင် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် တောင်ခမ်းဒေသကို ထိုးစစ်ဆင်လာသဖြင့် TNLA(တအာင်းတပ်မတော်)၊ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်)တို့ဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း နောင်ချိုမြို့နယ်ကို TNLA၊ DPLA နှင့် မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် စစ်ဘက်၊ အရပ်ဘက် မရှောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် ဗုံးပဒေသာခေါ် ပေါက်ကွဲအားပြင်းထန်သည့်ဗုံးများ၊ ဓါတုဗုံးဟု ယူဆရဖွယ်ဗုံးများ အသုံးပြုကြောင်း တိုက်ခိုက်ခံရသည့်ဒေသများမှ ထုတ်ပြန်သည့်သတင်းများတွင် မကြာခဏတွေ့နေရခြင်းဖြစ်သည်။

#TachileikNewsAgency