လက်ဖက်ရွှေဖီဦးအား လက်ဖက်ရွက်စိမ်း(၁)ပိဿာလျှင် အနိမ့်ဆုံးစျေး(၂၅၀၀)ကျပ်သတ်မှတ်

လက်ဖက်ရွှေဖီဦးအား လက်ဖက်ရွက်စိမ်း(၁)ပိဿာလျှင် အနိမ့်ဆုံးစျေး(၂၅၀၀)ကျပ်သတ်မှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ လက်ဖက်ရွှေဖီဦးအား ဧပြီလကုန်အထိ လက်ဖက်ရွက်စိမ်း (၁)ပိဿာလျှင် အနိမ့်ဆုံးစျေး (၂၅၀၀)ကျပ်သတ်မှတ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။

နမ့်ဆန်မြိုနယ်တွင် တအာင်း(ပလောင်)လက်ဖက်အသင်းမှ ဦးဆောင်ပြီး တအာင်းဒေသရှိ လက်ဖက်လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးအား မတ်လ(၁၆)ရက်နေ့တွင်ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ သ ဘောတူ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။  

အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ဖက်ရွှေဖီဦးအား ဧပြီလကုန်အထိ လက်ဖက်ရွက်စိမ်း (၁)ပိဿာလျှင် အနိမ့်ဆုံးစျေး (၂၅၀၀)ကျပ် သတ်မှတ်ကြောင်း လက်ဖက်ခြောက် (၁)ပိဿာ၏ အလေးချိန်အား (၃.၆)ပေါင် ပြည့်ရမည်ဟု အလေးချိန် သတ်မှတ်ကြောင်း သိရသည်။

လက်ဖက်စိမ်း(ရွက်စိမ်း) လက်ဖက်စို (၁)ပိဿာ၏ အလေးချိန်အား (၄)ပေါင်ပြည့်ရမည်ဟု အလေးချိန်သတ်မှတ်ပြီး လက်ဖက်အားချိန်တွယ်ရာတွင် အိတ်ခွံနှင့် ရေအလျော့တွက်ခြင်း မရှိစေရဟုလည်း ဆုံးဖြတ်ကြောင်း သိရသည်။

ထို့အပြင် လက်ဖက်လုပ်ငန်းရှင်ကြီးများအနေဖြင့် အခြားလုပ်ငန်းရှင်များအား ထိခိုက်ပျက်စီးစေမည့် အပြုအမူ လုပ်ရပ်များ မပြုလုပ်ရန်လည်း သဘောတူခဲ့ကြပြီး ရောင်းတန်းမဝင်သည့် လက်ဖက်များအား ကုန်သည်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန်လည်း သဘောတူချမှတ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်နှင့် မန်တုံမြိုနယ်တို့ရှိ လက်ဖက်အသင်းများနှင့် လက်ဖက်ကုန်သည်များ စုစုပေါင်း (၆၆)ဦးတက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency