လားရိႈးတြင္ ရွမ္းျပည္နယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းက ေဟာေျပာပြဲ က်င္းပ

လားရိႈးတြင္ ရွမ္းျပည္နယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းက ေဟာေျပာပြဲ က်င္းပ
ဇွန် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ရွမ္းျပည္နယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း(ေျမာက္ပိုင္း)ႏွင့္ BREAK THROUGH Coaching, Training & Consulting တို႔ ပူးေပါင္း၍ “လူငယ္ႏွင့္ အနာဂတ္ဖြဲ႔ၿဖိဳးတိုးတက္ မႈ ခရီးစဥ္” ေခါင္းစဥ္ျဖင့္ ေဟာေျပာပြဲကို ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၇)ရက္ေန႔တြင္ က်င္းပသည္။

အဆိုပါ ေဟာေျပာပြဲသို႔ စိတ္ၾကားထားသူမ်ားႏွင့္စိတ္၀င္စားသူမ်ား တက္ေရာက္ၾကၿပီး BREAK THROUGH မွ မန္ေနဂ်င္းဒါရိုက္တာ ဦးကိုကိုေအာင္က “လူငယ္ႏွင့္ အနာဂတ္ဖြံ႔ၿဖိဳးတိုးတက္မႈ ခရီးစဥ္” ေခါင္းစဥ္ျဖင့္ စီးပြားေရးလုပ္ငန္းဆိုင္ရာ အသိပညာမ်ားကို ေဟာေျပာေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံတကာႏွင့္ ရင္ေဘာင္တန္းကာ စြန္႔ဦးတီထြင္ လုပ္ကိုင္လုိေသာ လူငယ္မ်ားကို ခိုင္မာသည့္ စီးပြားဝန္းက်င္တြင္ အေျခတက် လုပ္ကိုင္သြားလာႏိုင္ရန္ႏွင့္ ေရရွည္ဖြံံ႔ၿဖိဳးတိုးတက္ေစရန္ အသင္းမွ ကူညီပံ့ပိုးေပးႏိုင္ရန္ ရည္ရြယ္ထားေၾကာင္း ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ား အသင္း မွ ဒုတိယဥကၠဌ ဦးေက်ာ္ေဇယ်က ဆိုသည္။

ျမန္မာႏိုင္ငံ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းေအာက္ရွိ ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္း ရွင္မ်ားအသင္းမွ ႀကီးမွဴးက်င္းပသည့္ အဆိုပါ ေဟာေျပာပြဲသို႔ လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးလည္း တက္ေရာက္ အမွာစကား ေျပာၾကားသည္။

ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား အသင္းကို ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္း ရွင္မ်ားအသင္းခ်ဳပ္ UMFCCI ၏ ဦးေဆာင္မႈျဖင့္ ၂၀၀၉ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၂ ခုႏွစ္တြင္ တရားဝင္ မွတ္ပံုတင္ဖြဲ႔စည္းတည္ေထာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(မြောက်ပိုင်း)နှင့် BREAK THROUGH Coaching, Training & Consulting တို့ ပူးပေါင်း၍ “လူငယ်နှင့် အနာဂတ်ဖွဲ့ဖြိုးတိုးတက် မှု ခရီးစဉ်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ကျင်းပသည်။

အဆိုပါ ဟောပြောပွဲသို့ စိတ်ကြားထားသူများနှင့်စိတ်ဝင်စားသူများ တက်ရောက်ကြပြီး BREAK THROUGH မှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုအောင်က “လူငယ်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ်” ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာများကို ဟောပြောနေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ စွန့်ဦးတီထွင် လုပ်ကိုင်လိုသော လူငယ်များကို ခိုင်မာသည့် စီးပွားဝန်းကျင်တွင် အခြေတကျ လုပ်ကိုင်သွားလာနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အသင်းမှ ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း မှ ဒုတိယဥက္ကဌ ဦးကျော်ဇေယျက ဆိုသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအောက်ရှိ ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးလည်း တက်ရောက် အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် UMFCCI၏ ဦးဆောင်မှုဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တရားဝင် မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~