စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးအပါ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးအပါ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း PNLA ထံမှ သိရသည်။

အဆိုပါ ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီမှ ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကြောက်ရွံ့သဖြင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံများတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အမျိုးသမီးများထဲတွင် ကိုယ်ဝန်သည် အမျိုးသမီးတဦးလည်းပါဝင်သည်ဟု သိရသည်။

ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးမှာလည်း စစ်ဘေးရှောင်ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကလည်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦးခေါ်ယူနေသည်ဟု သိရသည်။

စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး စာရင်းပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ဦးကို ငွေသိန်း ၈၀ ပေးဆောင်ရမည်ဟု ဆိုသည်။

#TachileikNewsAgency