ဆောဒေသအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး (၂၀) ဝန်းကျင်သေဆုံး 

ဆောဒေသအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး (၂၀) ဝန်းကျင်သေဆုံး 

မကွေးတိုင်း၊ ဆောမြို့၊ ဘုတ်မယ်နှင့် အင်းမယ်ဒေါင့်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ပါ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ(၅)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း  အယောက်(၂၀)ဝန်းကျင် သေကြောင်း ဆောမြို့ PDF က ယနေ့မတ်လ(၆)ရက်တွင် ထုတ်ပြန်သည်။

၎င်းအကြမ်းဖက် စစ်‌ကောင်စီတပ်နှင့် ပျူစောထီးများကို ဆောမြို့ PDF နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ (၂)ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိပြီး (၅)ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။ 

မတ်လ(၂)ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၅၀)ကျော် ပေါက်မြို့နယ်၊ အိမ်ခြေ(၂၄၀)ရှိ လယ် ယာကျေးရွာကို ဝင်ရောက်မီးရှို့သဖြင့် အိမ်ခြေ (၂၀၀)မီးလောင်ပြာကျခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များပါ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

မတလ(၃)ရင်တွင် ပေါက်မြို့နယ်၊ အိမ်ခြေ(၁၅၀)ရှိ လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက ဝင်ရောက်ကာ ထပ်မံ မီးရှို့ဖျက်ဆီးသဖြင့် ဆောမြို့ PDF က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပြန်လည်ဆုပ်ခွာသွားကြောင်း သိရသည်။

၎င်းတို့ မီးရှို့ခြင်းကြောင့် လက်ပန်လှရွာမှ အိမ်ခြေ(၅၀)မီးလောင်ပြာကျခဲ့ရပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များပါ မီးလောင်သေဆုံးခဲ့ရ ကြောင်း သိရသည်။

#TachileikNewsAgency