မံစီမြို့နှင့် မိုးမောက် မြို့နှစ်မြို့ကို KIA သိမ်းပိုက်

မံစီမြို့နှင့် မိုးမောက် မြို့နှစ်မြို့ကို KIA သိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ မံစီမြို့နှင့် မိုးမောက် မြို့နှစ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ခုနှစ် မေလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် တပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

“မံစီမြို့ကိုသိမ်းလိုက်ပြီ၊ မိုးမောက်မြို့ကိုလည်း ဒီနေ့မနက်ပိုင်းက ဝင်စီးလိုက်ပြီ၊ ဗန်းမော်မြို့ကိုလည်း ကာကင်းစခန်းအားလုံးသိမ်းပြီး ဝင်ချင်တဲ့အချိန် ဝင်လို့ရတဲ့ အနေအထားဖြစ်သွားပြီ”ဟု ကချင်သတင်းရင်းမြစ်က Tachileik News Agency ကို ပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ ညပိုင်းမှစတင်၍ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မံစီမြို့နှင့် မိုးမောက်မြို့တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIAမှ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်ယန်မြို့နယ် တခုလုံး ၊ မန်ဝိန်းကြီးမြို့၊ မဘိန်းမြို့၊ မန်စီမြို့ နှင့် မိုးမောက်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖားကန့်နှင့် ကာမိုင်းမြို့ကို ပိတ်ဆို့ဖြတ်တောက်ထားသည်။

#TachileikNewsAgency