ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံး

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံး

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ  ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေဆုံးပြီး ၊ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ၂၀၂၄ခုနှစ် မေလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ (၁) ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရာရှိတစ်ဦးအပါအဝင် (၄)ဦးသေဆုံး၍ ၊ ရဲမေတစ်ဦးအပါအဝင် တခြားအဆင့် (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ ပြည်သူလူထု ထိခိုက်နစ်နာစေနိုင်သည့် ဖောက်ခွဲမှုနှင့် ပစ်ခတ်မှုများကို မည်သည့်အခါတွင်မှ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၉)ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်(ရွှေဖြူ) အကျဉ်းဦးစီးဌာန၏ လက်ထောက်ညွှန်မှူး ဦးစင်းအောင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုမှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

#TachileikNewsAgency